မြန်မာက ရွှေ ၁၈ ခုဖြင့် ထိပ်ဆုံးက ဦးဆောင်
DVB
·
December 11, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ရွှေ ၁၈ ခု၊ ငွေ ၇၊ ကြေး ၉ ခု စုစုပေါင်း ဆု ၃၄ ခုနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ဗီယက်နမ်အသင်းက ရွှေ ၉၊ ငွေ ၄၊ ကြေး ၇ ခု စုစုပေါင်း ဆု ၂၀ နဲ့ ဒုတိယလိုက်နေပါတယ်။ အင်ဒိုနီးရှားက ရွှေ ၅၊ ငွေ ၉၊ ကြေး ၁၀ ခု စုစုပေါင်း ဆု ၂၄ ခုနဲ့ တတိယ ရရှိနေပြီး ထိုင်းအသင်းက ရွှေ ၅၊ ငွေ ၉၊ ကြေး ၄ ခု စုစုပေါင်း ဆု ၁၈ ခုနဲ့ စတုတ္ထ ရရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၁၁ ခုနှစ် ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ ထိုင်းအသင်းက ဆုတံဆိပ် စုစုပေါင်း ၂၆၆ ခုနဲ့ ဆုအများဆုံးရရှိခဲ့ပြီး မြန်မာကတော့ ဆုတံဆိပ် စုစုပေါင်း ၇၁ ခုနဲ့ နံပါတ် ၈ နေရာသာ ရရှိခဲ့ပါတယ်။