မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဩဂုတ် ၁၄ ရက် ညနေ ၅ နာရီလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့ဖြစ်စဉ် တစ်ခုဖြစ်ခဲ့ပါတယ်။
ဆိုင်ကယ်နဲ့ အမျိုးသား ၂ ဦးက လာရောက်ပစ်တာဖြစ်ကာ ဗုံးပေါက်ပြီး မကြာခင် အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ကိုင်အဖွဲ့တွေ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ညောင်ကွဲရပ်နေသူ တစ်ဦးက “ဗုံးပေါက်သံလို အသံကျယ်ကြီးတော့ ကြားလိုက်ရတယ်။ ကမ်းနားလမ်း အုပ်ချုပ်ရေးမှူးရုံးဘက်ကပဲ။ အနီးအနားမေးကြည့်တော့ လက်လုပ်ဗုံးနဲ့ လာပစ်သွားတာလို့ပြောတယ်။” လို့ ပြောပါတယ်။
လက်လုပ်ဗုံးနဲ့ ပစ်ခံရပေမယ့် လူထိခိုက်မှုမရှိဘဲ အုပ်ချုပ်ရေးမှူးရုံးနား ရပ်ထားတဲ့ မြေသယ်ကား တစ်စီးရဲ့ ကားမှန်ထိခိုက်ပြီး မှန်ကွဲခဲ့တယ်လို့ သိရပါတယ်။