Home
မြန်မာသတင်း
ရွှေပြည်သာရုပ်ရှင်ရုံအနီး ဗုံးကွဲ
DVB
·
August 14, 2021
233199225_136606845306247_7620137290004576275_n

ရန်ကုန် ရွှေပြည်သာမြို့နယ်မှာ ဩဂုတ် ၁၄ ရက်  ဒီနေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်က   ၈ ရပ်ကွက်မှာရှိတဲ့ ရုပ်ရှင်ရုံနားက အမှိုက်ကန်မှာ ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

ရွှေပြည်သာရုပ်ရှင်ရုံထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတာဖြစ်ပြီး ဗုံးကွဲမှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့  အဆိုပါရုပ်ရှင်ရုံ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

"တပ်စွဲထားတာ ကြာပြီ။ ပေါက်ကွဲတာကြောင့်ထိခိုက်ဒဏ်ရာရရှိတာမျိုးတော့ မရှိပါဘူး။ အဲ့ရုပ်ရှင်ရုံရဲ့ ပတ်ပတ်လည်မှာ စစ် (---) တွေ ဘန်ကာဆောက်ပြီး ၂၄ နာရီ ကင်းရှိပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒီမနက်အစောပိုင်း ၂ နာရီလောက်ကလည်း ရွှေပြည်သာမြို့နယ်က  ရပ်ကွက်တခုမှာ စစ်ကားနဲ့ ကင်းလှည့်ဝင်လာပြီး မကြာခင်မှာပဲ အရပ်ဝတ်လူစိမ်းတချို့ဝင်လာကာ အိမ်တအိမ်ကနေ ဆိုင်ကယ် ၂ စီးကို ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024