
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဩဂုတ် ၁၃ ရက်ညနေပိုင်းက ဆိုင်ကယ်နဲ့ ဈေး၀ယ်ပြန်လာတဲ့ ဝူယန်ကျေးရွာက အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝိုင်းမော်ဘက်က ပြန်လာတာဖြစ်ပြီး မဒိန်ကျေးရွာအခြေစိုက် ခလရ ၅၈ တပ် အကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ ပစ်ခတ်မှုကြောင့် ဘယ်ဘက် နံကြားကနေ ညာဘက် ထုတ်ချင်းပေါက် ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာလို့ နီးစပ်သူတဦးက ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ ဝူယန်ကျေးရွာက အသက် ၃၀ ကျော်အရွယ် ကလေးအမေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အခုအမျိုးသမီး အပါအဝင် အပြစ်မဲ့ပြည်သူ သေဆုံးမှု ၄ ယောက်ရှိပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလက လက်ဝါးရှောင်ကျေးရွာက အမျိုးသမီး ၁ ဦး၊ ဇူလိုင်လ ရက်က ဗလမင်းထင်တံတားမှာ သစ်သီးသည် အမျိုးသမီး ၁ ဦးနဲ့ ဇူလိုင် ၂၉ ရက်ကလည်း လဘန်ကျေးရွာက အမျိုးသား ၁ ဦး သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။