ထိုင်းဘုရင့်မြေး ဆီးဂိမ်း မြင်းအလှစီးပြိုင်ပွဲ ၀င်မည်

Photo by tunlwin.com
ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရီဗင် နာဗရီ နာရီရတနာ (Sirivan-navari Nariratana) ဟာ ဒီဇင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ ယှဉ်ပြိုင်မယ့် မြင်းအလှစီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးအေးချိုက ပြောပါတယ်။ 0017_IMG_4431အဲဒီ ပြိုင်ပွဲမှာ မြန်မာအပါအ၀င် ထိုင်းနဲ့ မလေးရှားစတဲ့   နိုင်ငံပေါင်း ၇ နိုင်ငံက မြင်းစီး အားကစာသမားတွေ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံက စီစဉ်ပေးထားတဲ့ မြင်းတွေနဲ့ပဲ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ စီးရမယ့်မြင်းတွေကို မဲနှိုက် ရွေးချယ်ရမှာ ဖြစ်ပြီး မဲပေါက်တဲ့မြင်းကို စီးပြီး ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ထိုင်းဘုရင့်မြေးတော်ဟာ ဒီဇင်ဘာ ၉ ရက်ကတည်းက ပြိုင်ပွဲကျင်းပမယ့် နေပြည်တော်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up