လှေလှော်ပြိုင်ပွဲစ ရွှေ ၃ခု ထပ်မံ ရရှိ

Photo by 27seagames2013.com
ဒီကနေ့ ယှဉ်ပြိုင်တဲ့ ၂၇ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပွဲတော် လှေလှော်ပြိုင်မှာ မြန်မာက ရွှေ ၃ ခု ထပ်မံရရှိသွားပါတယ်။ ဒီကနေ့စတင်ကျင်းပတဲ့ လှေလှော်ပြိုင်ပွဲရဲ့မနက်ပိုင်း ပွဲစဉ်အဖြစ် အမျိုးသား ၄ ယောက်လှော် ကနူးလှေ မီတာ (၁၀၀၀)၊ အမျိုးသမီး ၄ ယောက်လှော် ကယက်လှေ မီတာ (၁၀၀၀)၊ အမျိုးသား ၄ ယောက်လှော် ကယက်လှေ မီတာ (၁၀၀၀) ပွဲ နဲ့ အမျိုးသား ၂ ယောက်လှော် ကနူးလှေလှော်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာက ရွှေ ၃ ခု၊ ကြေး ၁ ခု ရရှိထားပါတယ်။ [caption id="attachment_48115" align="alignright" width="300"]Photo by 27seagames2013.com Photo by 27seagames2013.com[/caption] မြန်မာလှေလှော်အားကစားသမားတွေဟာ နေပြည်တော်နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ငလိုက်ဆည်မှာ လေ့ကျင့်ချိန်ရခဲ့လို့ အခုလို ရွှေဆုတွေ ဆွတ်ခူးသွားတာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက် ရွှေဆုတွေဆွတ်ခူးပေးခဲ့တဲ့ လှေလှော်အားကစားသမား ကိုဝင်းထိုက်က “အရမ်းလည်း ၀မ်းသာတယ်၊ ပရိသတ်ကြီးက အားပေးတာလည်း ပါပါတယ်။ အခုလို ရွှေရခဲ့တာဟာ နိုင်ငံ့ကျေးဇူးဆပ်လိုက်ရတယ်လို့ပဲ မှတ်ယူပါတယ်” လို့ ပြောပါတယ်။ ကနူးလှေယှဉ်ပြိုင်ပွဲအတွက် ရွှေဆုတွေ မှန်းထားတာထက် ပိုနိုင်တယ်လို့ ကနူးလှေ လက်ထောက်နည်းပြ ဦးသူရဟန်က ဆိုပါတယ်။ “ရွှေ အနည်းဆုံး ၂ ခုရမယ်လို့ ခန့်မှန်းထားတာပါ။ ဒီနေ့တင် ၂ ခု ရသွားပြီဆိုတော့ နောက်ထပ် ထက်ရဖို့ပဲ ရှိပါတော့တယ်။ ဒီထက်များဖို့ပဲရှိပါတယ်။ ပရိသတ်အား အများကြီးပါလို့သာ ဒီလိုအောင်မြင်တာပါ။ ကျနော့်တို့ ကစားသမားတွေ အကုန်လုံးကလည်း မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ်စား ပရိသတ် အားပေးရကျိုးနပ်အောင် ကြိုးကြိုးစားစားနဲ့ကို ယှဉ်ပြိုင်ခဲ့တာပါ။” လှေလှော်ပြိုင်ပွဲမှာ ကနူးလှေလှော်ပြိုင်ပွဲ၊ ကယက်လှေလှော်ပြိုင်ပွဲ၊ အနောက်တိုင်း လှေလှော်ပြိုင်ပွဲနဲ့ ရိုးရာ လှေလှော်ပြိုင်ပွဲတွေဖြစ်ပါတယ်။ မြန်မာကစားသမားတွေအနေနဲ့ အနောက်တိုင်း လှေလှော်ပြိုင်ပွဲကို ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ရမယ်လို့ မြန်မာနိုင်ငံလှေလှော် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပါတယ်။ “အခက်အခဲဆုံးက အနောက်တိုင်း လှေလှော်ပြိုင်ပွဲပါ။ ဒါကတော့ ယခင်တုန်းက တက္ကသိုလ်ကျောင်းသားတွေ ကစားတဲ့ အားကစားနည်းပါ။ နည်းစနစ်တွေကလည်း အများကြီးပဲ။ မနည်းကို ကြိုးစားပြီး လုပ်ရတဲ့ ကိစ္စပါ။ လှေလှော်ပြိုင်ပွဲတွေကို ဆီးဂိမ်းကျင်းပရာ နေပြည်တော်ရဲ့ ငလိုက်ဆည်မှာ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up