Home
မြန်မာသတင်း
မိုးကုတ်တွင် မြေပြိုမှုကြောင့် နှစ်ထပ်အိမ်ပြိုကျ၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
August 13, 2021
229725318_812312042676162_6806130680754703057_n (2)
229725318_812312042676162_6806130680754703057_n (1)
235561266_812311992676167_7740777546124749800_n
229725318_812312042676162_6806130680754703057_n

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သြဂုတ် ၁၃ ရက်နေ့မနက်က မြေပြိုပြီး နှစ်ထပ်အိမ်ပြိုကျတာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေပိသေဆုံးခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီအသင်းက သိရပါတယ်။

မိုးကုတ်မြို့ အုန်းကိုင်းရွာသစ်က တောင်ပေါ်က နှစ်အိမ်ပြိုကျရာမှာ မိသားစု ၇ ဦး ပိတ်မိသွားခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ အခြားလူမှုရေးအသင်းတွေ ပူးပေါင်းရှာဖွေရမှာ မိသားစုဝင် ၆ ဦး ကို ကယ်ဆယ်ရမိပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြို့နယ် ကြက်ခြေနီအသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အိမ်နှစ်အိမ်ပြိုကျတာ၊ ခုနစ်ယောက် ပိတ်မိသွားတယ်၊ ၆ ယောက်ကိုက အသက်ရှင်လျက်ပြန်တွေ့တယ်၊ မနက် ၆ နာရီကတည်းက ရှာဖွေကယ်ဆယ်မှု​တွေလုပ်နေရတယ်။" 

မြေပြိုမှုကြောင့် အိမ်နှစ်အိမ် ပြိုကျပျက်စီးခဲ့သလို ရေလျှံခဲ့တဲ့ ဘော်ဗဒန်းရွာက လမ်းမကြီး ပြိုကျကာ အိမ်တွေထဲထိ ရေတွေဝင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့မှာ သြဂုတ် ၁၁ ရက်နေ့ကစပြီး မိုးရေချိန် ၂ လက်မကျော် နှစ်ရက်ဆက်တိုက် ရွာသွန်းပြီး ရေကြီးမြေပြိုတာကြောင့် သြဂုတ် ၁၂ ရက်နေ့က လူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024