Home
မြန်မာသတင်း
ဆေးနှင့်အောက်ဆီဂျင်လိုအပ်ချက်ကို Horn လူမှုကူညီရေးအဖွဲ့ အခမဲ့ကူညီ
DVB
·
August 12, 2021
234577135_255527856400140_912592635747584229_n
232848290_255527686400157_778734937960207101_n
232227342_255527779733481_6038426699935399411_n
232100602_255527706400155_4195868705635861803_n
231963780_255527823066810_4874953361003216031_n

အောက်ဆီဂျင်နဲ့ ဈေးကွက်မှာ လိုအပ်နေတဲ့ဆေးတွေကို ဟိန္ဒူလူငယ်တွေနဲ့ ဆရာမတစ်ယောက်စုပေါင်းပြီး တည်ထောင်ထားတဲ့ Horn လူမှုကူညီရေးအဖွဲ့ကနေ သြဂုတ် ၁၂ ရက်မှာ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့ပြီး အမှန်တကယ်ခက်ခဲနေသူတွေကို အခမဲ့ကူညီပေးနေပါတယ်။

Horn လူမှုကူညီရေးအဖွဲ့ဟာ လတ်တလော  Enoxaparin သွေးကျဲဆေး လိုအပ်ချက်မြင့်မာပြီး ဈေးကွက်မှာ ရှားပါတဲ့အပေါ် ဖြည့်ဆည်းပေးတာရယ်နဲ့ အရေးပေါ် အောက်ဆီဂျင်လိုတဲ့ လူနာတွေအတွက် အောက်စီဂျင်အိုးတွေ အခမဲ့ငှားရမ်းပေးတာတွေကို လုပ်နေတာပါ။ 

Horn အဖွဲ့ တာဝန်ရှိသူ တစ်ဦးက “လောလောဆယ်တော့ ကျနော်တို့ တတ်နိုင်တဲ့ ပမာဏလောက်ပဲ လုပ်ပေးနေပေမဲ့ နောက်ပိုင်း လူဦးရေ အများအတွက်လုပ်ပေးသွားဖို့ရှိပါတယ်။ အခက်အခဲရှိသူတွေအတွက် အခမဲ့ပေးဖို့ ခုလို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

Horn အဖွဲ့က ရောင်းချပေးနေတဲ့ ဆေးဝါးတချို့ကို ၅၁ လမ်း ဗိသာနိုးဘုရားကျောင်းရှေ့က အသင်းရုံးမှာ ဝယ်ယူနိုင်ပြီး အောင်ဆီဂျင်အိုးတွေ စက်တွေလည်း အခမဲ့ငှားရမ်းပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024