စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဩဂုတ် ၁၁ ရက်က ကြို့ပင်ပရိယတ္တိစာသင်တိုက်နဲ့ ကြို့ပင်ဘိုးဘွားရိပ်သာတို့က သံဃာတော်နဲ့ဘိုးဘွား ၃၀ ကျော် ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကွာရန်တင်း ဝင်ရောက်နေသူတွေနဲ့ ကိုဗစ်-၁၉ သံသယရှိသူတွေ ၄၀ ကျော်ကို စစ်ဆေးခဲ့တာလို့ မြို့နယ်ကိုဗစ်ကော်မတီက ထုတ်ပြန်ပါတယ်။
ကြို့ပင်ပရိယတ္တိစာသင်တိုက်အတွင်းမှာပဲ တဆက်တစပ်တည်းရှိတဲ့ ကြို့ပင်ဘိုးဘွားရိပ်သာက ဘိုးဘွား ၁၆ ဦးနဲ့သံဃာ ၁၅ ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပြီး သူတို့အားလုံးကို ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ အထူးကြပ်မတ်ကုသပေးနေတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဆိုပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ဇွန် ၁၁ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ နှစ်လတာကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရသူ စုစုပေါင်း ၅၀၀ ဦး၊ သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းရသူ ၃၄၄ ဦးနဲ့ သေဆုံးသူ ၃၇ ဦးရှိတယ်လို့ သိရပါတယ်။