မြန်မာစစ်ခေါင်းဆောင် အာဏာတည်မြဲရေးလုပ်ဆောင်နေဟု ကုလကိုယ်စားလှယ်ဝေဖန်

မြန်မာစစ်ခေါင်းဆောင်ဟာ ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း သူ့ရဲ့အာဏာတည်မြဲမှုကို ခိုင်မာစေဖို့ သန္နိဋ္ဌာန်ချထားပုံရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ ခရစ္စတင်းရှာနာဘာဂီနာက သြဂုတ်လ ၁၀ ရက် နယူးယောက်မြို့  ကုလအစည်းအဝေးမှာ ဗီဒီယိုနဲ့တက်ရောက် ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေက အရမ်းစိုးရိမ်စရာကောင်းပြီး သူလည်း ဆက်ပြီးအလုပ်တွေ လုပ်ပေးနေရဦးမှာလို့ဆိုပါတယ်။

သူ့အမြင်အရ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  အခုနောက်ဆုံး အိမ်စောင့်အစိုးရကြေညာချက်နဲ့အတူ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တရားဝင်ဖျက်သိမ်းလိုက်ပြီး တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်အဖြစ်ကြေညာကာ သူ့ရဲ့အာဏာချုပ်ကိုင်မှုကို ခိုင်မာစေဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်လို့ အခုလအတွင်း စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ ကြေညာချက်ကို ကိုးကားပြီး ခရစ္စတင်းရှာနာ ဘာဂီနာက ပြောဆိုသွားတာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးပါတီလည်း မကြာမီ ဖျက်သိမ်းခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ မရှိတဲ့အပေါ် စစ်ခေါင်းဆောင်က သူ့ရဲ့အာဏာ တရားဝင်ဖြစ်အောင် မြှင့်တင်ဖို့ ကြိုးပမ်းမှုတခု ဖြစ်နေတယ်လို့လည်း မစ္စဘာဂီနာက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up