Live
Home
မေးမြန်းခန်း
ထိုင်းတွင် တရက်တည်းကိုဗစ်ပိုးတွေ့လူနာ ၂ သောင်းကျော်၊ ကူးစက်ခံရသူပေါင်း ၈ သိန်းကျော်လာ
DVB
·
August 11, 2021

ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၂၁,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၈ သိန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကူးစက်မှုအသစ်တွေထဲမှာ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ၁၇၃ ယောက် ပါဝင်တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၂၂,၀၁၂ ယောက် ရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အစောပိုင်းကတည်းက ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူပေါင်း ၈၁၆,၉၈၉ ယောက် ရှိခဲ့ပြီး သူတို့ထဲက ၆ သိန်းကျော်ကတော့ ရောဂါပြန် လည်ပျောက်ကင်းသက်သာလာခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါကူးစက်ခံရပြီး သေဆုံးသူအသစ်ကတော့ တတိယလှိုင်းကာလတွင်း ၆,၇၀၁ ယောက်နဲ့ စုစုပေါင်း သေဆုံးသူ ၆,၇၉၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံက ကူးစက်မှုစတုတ္ထအမြင့်ဆုံး နိုင်ငံ ဖြစ်နေတာပါ။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၄ ဒသမ ၇၈ သန်းကျော်၊ သေဆုံးသူပေါင်း ၄ ဒသမ ၃၂ သန်းကျော်နဲ့ ရောဂါပြန်လည် ပျေိာက်ကင်းသက်သာလာသူပေါင်း ၁၈၃ ဒသမ ၉၁ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024