Home
မြန်မာသတင်း
မိုးကောင်းတွင် ကိုဗစ်-၁၉ကူးစက်မှုများလာပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးမှုများရှိလာ
DVB
·
August 11, 2021

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေများပြားလာပြီး  အောက်ဆီဂျင် လိုအပ်နေတဲ့အတွက်  လူနာတွေအတွက် တခြားမြို့နယ်တွေမှာ လှည့်လည်ရှာဖွေနေရတယ်လို့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေထံက သိရပါတယ်။

မိုးကောင်းမြို့နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်လာပြီး  အောက်ဆီဂျင် လုံလောက်စွာမရလို သေဆုံးခဲ့ရတဲ့ လူနာ တချို့ရှိတယ်လို့  မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းတစ်ဦးက  ပြောပါတယ်။

“ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေအတွက်အောက်ဆီဂျင်  လိုအပ်ချက်တွေရှိတယ်။ အောက်ဆီဂျင်အတွက် နီးစပ်ရာ မြို့တွေမှာ ပတ်ရှာနေတဲ့ချိန် အောက်ဆီဂျင်ပြတ်ပြီး သေသွားတာတွေရှိတယ်။”

မိုးကောင်းမြို့မှာ ဇူလိုင် ၁၁ ရက်၊ ညနေပိုင်း က  မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းက သီးသန့်လူနာဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အသက်( ၄၅ နှစ်)ခန့်အရွယ် အမျိုးသားတစ်ဦးဟာ ကိုဗစ်ရောဂါနဲ့ အောက်ဆီဂျင် ကျဆင်းပြီး သေဆုံးခဲ့တာပါ။

မိုးကောင်းမြို့နယ်ကို ဇူလိုင် ၂၁ ရက်နေ့က စတင်ကာ Stay at home အဖြစ် သတ်မှတ်ထားပြီး  မြို့နယ်အတွင်း ပိုးတွေ့လူနာ ၈၀၀ ကျော်နဲ့ သေဆုံးသူ ၂၀ ဦး ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024