Home
မြန်မာသတင်း
အာဆီယံတွင် ကိုဗစ်-၁၉ လူနာ ၈ သန်းကျော်ရှိလာ၊ အင်ဒိုနှင့်ဖိလစ်ပိုင်က ၅ သန်းကျော် ကူးခံရ
DVB
·
August 10, 2021

အာဆီယံဒေသတွင်း နိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၈ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ အဲဒီထဲက ၅ သန်းကျော်က အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူအသစ်ကတော့ ၈၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၄၆၃ ယောက် ရှိနေခဲ့ပြီး အရင်ရက်ကထက် နည်းလာခဲ့တာကို တွေ့ရပါတယ်။

လက်ရှိအချိန်ထိ အာဆီယံဒေသတွင်း နိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်းကတော့ ၁ သိန်း ၇ သောင်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒေသတွင်း ရောဂါကူးစက်မှု သန်းချီအမြင့်ဆုံးနိုင်ငံတွေအဖြစ် အင်ဒိုနီးရှားနိုင်ငံက ကူးစက်ခံရသူပေါင်း ၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူပေါင်း ၁ သိန်းကျော်၊ ဖိလစ်ပိုင်နိုင်ငံက ကူးစက်ခံရသူပေါင်း ၁ ဒသမ ၆ သန်းကျော်၊ သေဆုံးသူပေါင်း ၂၉,၀၀၀ ကျော်၊ မလေးရှားနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ ဒသမ ၂သန်းကျော်၊ သေဆုံးသူပေါင်း ၁ သောင်း ကျော်စီနဲ့ အသီးသီး ရပ်တည်နေတာပါ။

ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၂,၀၀၀ ကျော်နဲ့ အာဆီယံဒေသတွင်း သေဆုံးမှုအမြင့်ဆုံး ၃ နိုင်ငံစာရင်းမှာ ပါဝင်လာခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၃ သိန်း ၃ သောင်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၇ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၆,၀၀၀ ကျော် ရှိနေတာပါ။       ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၀၄ ဒသမ ၂ သန်းကျော်၊ သေဆုံးသူပေါင်း ၄ ဒသမ ၃ သန်းကျော်၊ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၁၈၃ ဒသမ ၄ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024