ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ (၁) ဒူးသထူခရိုင်တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ဟာ ဩဂုတ် ၁၀ ရက် ဒီမနက် အစောပိုင်းက ကွယ်လွန်သွားတယ်လို့ ကေအန်ယူသတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဗိုလ်မှူးချုပ် စောပလေ့ဟာ ကျန်းမာရေးယိုယွင်းလာကာ မွန်ပြည်နယ်၊ သထုံမြို့နယ် မရမ်းကုန်းကျေးရွာမှာ ဒီမနက် ၄ နာရီလောက်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် စောပလေ့ဟာ ကေအန်ယူ ဗဟိုကော်မီတီရဲ့ အမြဲတမ်းကော်မီတီဝင်တဦးဖြစ်သလို တပ်မဟာ (၁) ရဲ့ တပ်မဟာမှူးအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။
သူရဲ့ ဈာပနအခမ်းအနားကို ဩဂုတ် ၁၁ ရက်နေ့ တပ်မဟာ (၁) မှာပဲ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။