စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ခင်အေးနတ်ထိပ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့တော်လှန်ရေး အဖွဲ့ (PRA) စုပေါင်းအဖွဲ့တို့ ဩဂုတ်လ ၉ ရက်နေ့ ည ၁၀ ခွဲနာရီအချိန်လောက်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတော်လှန်ရေးအဖွဲ့ PRA ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ တိုက်ပွဲဖြစ်တာ ဟုတ်တယ်ဗျ။ စစ်ကောင်စီဘက်က ၆ ဦး ကျဆုံးတယ်။ ကျနော်တို့ ပြည်သူတော်လှန်ရေး စုပေါင်းအဖွဲ့က ၁ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ထားတယ်။ တိုက်ပွဲကို ကျနော်တို့ဘက်ကနေ ည ၂ နာရီခွဲလောက်က နောက်ဆုတ်လိုက်တာ” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း အခုရက်ပိုင်းတွေမှာ စစ်ကောင်စီနဲ့ အနီးကပ်တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားပည စစ်ကောင်စီဘက်က အကျဆုံးများပြီး ပုလဲ PDF နဲ့ မြိုင် PDF တို့ ပူးပေါင်းထားတဲ့ PRA အဖွဲ့ဘက်က အကျဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာသူ အနည်းငယ်သာ ရှိတယ်လို့လည်း ပြည်သူတော်လှန်ရေးအဖွဲ့ဆီက သိရပါတယ်။
ပုလဲမြို့နယ်အတွင်း တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။