ဧပြီလတွင် ရခိုင်အမျိုးသားညီလာခံ ကျင်းပမည်
နော်နိုရင်း
·
December 9, 2013
ရခိုင်အမျိုးသားညီလာခံ ကျင်းပနိုင်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရခိုင်အမျိုးသား ခေါင်းဆောင်တွေ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဆွေးနွေးပွဲအပြီးမှာ ၂၀၁၄ ခုနှစ် ဧပြီလ နောက်ဆုံးအပတ်မှာ ရခိုင်အမျိုးသားညီလာခံ ကျင်းပဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရခိုင်နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲအတွင်း ဘာတွေ ဆွေးနွေးဆုံးဖြတ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) က အလုပ်အမှုဆောင် ကော်မတီလည်းဖြစ်၊ ရခိုင်အမျိုးသမီးဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။