ဇူလိုင်လအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၇၅၀ ခန့်သေဆုံးဟု NUG ထုတ်ပြန်

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တနိုင်ငံလုံး တိုက်ပွဲနဲ့ပဋိပက္ခဖြစ်စဉ် ၃၅၀ ကျော်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၇၅၀ လောက် သေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီထဲမှာ လက်နက်ကိုင်တိုက်ပွဲ အကြိမ်ပေါင်း ၆၀ ၊ စစ်ကောင်စီရဲ့ လက်တံတွေ လုပ်ကြံခံရတာက ၈၇ ကြိမ်၊ လက်နက်ကိုင်ခုခံမှုက ၆၂ ခု၊ ပေါက်ကွဲမှုက ၇၅ ခု၊ အရပ်သားတွေအပေါ် အကြမ်းဖက်တာ  ၆၉ ခု၊ ပေါက်ကွဲမှုက ၇၅ ခုနဲ့ စစ်ကောင်စီအချင်းချင်းပစ်ခတ်တာက ၂ ကြိမ်ပါဝင်ပါတယ်။

အများဆုံးဖြစ်ခဲ့တာကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး ၁၀၇ ကြိမ်ဖြစ်ခဲ့တာပါ။ ဒုတိယအများဆုံးက မန္တလေးတိုင်းမှာဖြစ်ပြီး ၄၄ ကြိမ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကချင်ပြည်နယ်မှာ အကြိမ် ၄၀၊ ရန်ကုန်တိုင်းမှာ ၃၅ ကြိမ်၊ မကွေးတိုင်းမှာ ၂၂ ကြိမ်၊ ရှမ်းပြည်နယ်မှာ အကြိမ် ၂၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာတော့ ၂ ကြိမ်ပဲဖြစ်ခဲ့လို့ အနည်းဆုံးဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် စစ်ကောင်စီဘက်က ၇၄၃ ယောက် သေဆုံး၊ ၃၆၉ ယောက် ဒဏ်ရာရပြီး ပြည်သူတွေဘက်က ၁၉၉ ယောက် သေဆုံး၊ ၄၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရန်ကုန်တိုင်းမှာ ပေါက်ကွဲမှု အများဆုံးဖြစ်ပြီး ၁၈ ကြိမ်ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ စစ်ကောင်စီ ဘက်သားတွေကို လုပ်ကြံတာနဲ့ လက်နက်ကိုင် ခုခံတာ ၃၆ ကြိမ်စီနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။

ပြည်တွင်း သတင်းမီဒီယာ ၃၀ မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး တကယ့်မြေပြင်မှာတော့ ဒါထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up