DVB Logo
Home
မြန်မာသတင်း
မန္တလေးက လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ညီစေမင်း ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်
DVB
·
August 9, 2021
မန္တလေးက လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ ညီစေမင်း ကိုဗစ်-၁၉ ရောဂါဖြင့်  ကွယ်လွန်
Donate to DVB

အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူထုကြီးပွားရေးစာအုပ်တိုက် အယ်ဒီတာ စာရေးဆရာ ညီစေမင်း ကိုဗစ်-၁၉ ရောဂါနဲ့ ဩဂုတ်လ ၉ ရက် မနက် ၁၁ နာရီလောက်က ကွယ်လွန်သွားပါတယ်။

ဆရာညီစေမင်းဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၇၂ နှစ်ရှိပြီလို့ သိရပါတယ်။

စာရေးဆရာ ညီစေမင်း (ခ) ဦးကျော်ဇံလှကို ၁၉၄၉ ဇန်နဝါရီ ၄ ရက်နေ့က အဖ ဦးမြိုင်၊ အမိ ဒေါ်သိန်းတို့ကနေ မြင်းခြံမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၅၃-၁၉၆၆ မှာ အထက(၁) မြင်းခြံမှာ ပညာသင် ကြားခဲ့ပါတယ်။ 

အဲ့ဒီနောက် ၁၉၆၆-၁၉၆၈ ထိ မန္တလေး ဆရာအတတ်သင်သိပ္ပံ၊ ၁၉၆၈-၁၉၇၃ ထိ မန္တလေးတက္ကသိုလ်ညနေသင်တန်း၊ ၁၉၇၆-၁၉၇၈ ထိ ရန်ကုန်ပညာရေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့ ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့၊ ဥပဒေပညာ HGP ဘွဲ့တွေ ရရှိခဲ့ပါတယ်။

၁၉၇၀ မေလထုတ်ရူမဝမဂ္ဂဇင်းနဲ့ ရုပ်ရှင်မျက်မှန် မဂ္ဂဇင်းတို့မှာ မောင်ငြိမ်းခိုင်အမည်နဲ့ ကဗျာတွေ စတင်ရေးသားခဲ့ပြီး ၁၉၉၈ ဇန်နဝါရီလထုတ်မှ ၂၀၁၂ ခုနှစ်အထိ မြန်မာဓနမဂ္ဂဇင်းမှာ ပင်တိုင်ဆောင်ပါးရှင်အဖြစ် ရေးသားခဲ့ပါတယ်။

ပန်းတိုင်၊ မြန်မာဓန၊ ရုပ်ရှင်အမ စံပယ်ဖြူစတဲ့ မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေ၊ ဘာသာပြန် ဝတ္ထုတွေရေးသားခဲ့ပြီး ဟယ်လင်ကဲလား (ဘာသာပြန်) စန္ဒာရှင်မနဲ့ ခေတ်သစ်ပုံပြင်တွေ၊ သတင်းသမားကောင်းဖြစ်ဖို့၊ နပိုလီယံကို ခြောက်တဲ့တစ္ဆေ၊ ဒေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်ထိ (ဘာသာပြန်) စာအုပ်တွေ၊ တခြားဘာသာပြန်ဝတ္ထုတွေ၊ ဝိရောဓိများစု ဆုံရာ၊ ခေတ်နှစ်ခေတ်၊  ထောင်နှစ်ထောင် စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပါတယ်။ 

သူဟာ မန္တလေး အခြေစိုက် ပန်သစ္စာဂျာနယ်မှာလည်း အယ်ဒီတာချုပ်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဆရာညီစေမင်းဟာ ၁၉၇၈-၁၉၈၀ ထိ အင်းစိန်ထောင်၊ ၁၉၈၉ - ၁၉၉၄ ထိ နန်းတွင်းနဲ့အိုးဘို အကျဉ်းထောင်မှာ အထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013