မင်ဒဲလား အောက်မေ့ဖွယ် နိုင်ငံ့အကြီးအကဲ ၅၀ ကျော် တက်မည်

တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံ့အကြီးအကဲတွေနဲ့ အစိုးရအဖွဲ့ အကြီးအကဲပေါင်း ၅၀ ကျော် တက်ရောက်ဖို့ အတည်ပြုထားပြီလို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ကွယ်လွန်ခဲ့တဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး သူရဲကောင်းအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့ ဂျိုဟန်နက်စဘာ့ခ် မြို့က အားကစားရုံကြီးထဲမှာ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ 640_2013_12_06_17_01_51ဂါရ၀ပြု အခမ်းအနား တက်ရောက်ကြမယ့် နိုင်ငံ့အကြီးအကဲတွေထဲမှာ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနဲ့ အမေရိကန် သမ္မတဟောင်း ၃ ဦး၊ ဘရာဇီးသမ္မတ၊ ပြင်သစ်သမ္မတ၊ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်တို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ဗြိတိသျှ ဘုရင်မကြီး အဲလီဇဘတ် ကိုယ်စား အိမ်ရှေ့စံ ချားလ်မင်းသားတို့လည်း တက်ရောက်ဖို့ ရှိပါတယ်။ နိုင်ငံတကာ အကျော်အမော်တွေထဲက  အော်ပရာ ၀င်းဖရေး၊ အဆိုတော် ဘိုနိုတို့လည်း အခမ်းအနားကို တက်ရောက်လာဖွယ်ရှိပါတယ်။ အောက်မေ့ဖွယ် အခမ်းအနားပြီးရင်တော့ သမ္မတဟောင်းရဲ့ အလောင်းကို အစိုးရ ရုံးစိုက်တဲ့ ပရီတိုးရီးယားမြို့မှာ ရှိတဲ့ ယူနီယံအဆောက်အဦကို ပြောင်းရွှေ့ဖို့ ရှိပါတယ်။ အဲဒီ ယူနီယံ အဆောက်အဦဟာ ၁၉၉၄ မေ ၂၀ ရက်နေ့မှာ တောင်အာဖရိကရဲ့ သမ္မတအဖြစ်နဲ့ မင်ဒဲလား ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အဲဒီမှာ တောင်အာဖရိက ပြည်သူတွေ၊ နိုင်ငံတကာက အထူးဧည်သည့်တွေဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ကနေ နောက်ဆုံး ၃ ရက်အဖြစ်  ဂါရ၀ ပြုခွင့်ရမှာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ကျရင် သူ့ရဲ့ ဘိုးဘွားဇာတိဖြစ်တဲ့ အရှေပိုင်း ကိတ်ခရိုင်ထဲမှာရှိတဲ့ ကွမ်နျူးရွာမှာ မြေမြှုပ် သင်္ဂြိုဟ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ မင်ဒဲလားမိသားစုပိုင် အဲဒီ မြေကွက်မှာ မင်ဒဲလားရဲ့ ကလေးသုံးယောက်နဲ့ တခြား ဆွေမျိုးအရင်းအချားတွေကို မြှုပ်နှံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up