ဗြိတိန်တွင် ကာကွယ်ဆေးအပြည့်ထိုးပြီးသည့် ခရီးသွားများ ကွာရန်တင်း ကင်းလွတ်ခွင့်ပြု

ပြင်သစ်နိုင်ငံကနေ ဗြိတိန်နိုင်ငံကို ပြန်လာနေတဲ့ ခရီးသွားတွေအတွက် သြဂုတ် ၈ ရက်ဟာ ရောဂါခြေချုပ်ကာလ ကင်းလွတ်ခွင့်ရတဲ့ ခရီးသွားခွင့်အတွက် ပထမဆုံးနေ့ပါ။

  ဗြိတိန်အစိုးရဟာ ပြင်သစ်ကနေ အင်္ဂလန်နယ်နဲ့ စကော့တလန်နယ်ကို လာမယ့် ကာကွယ်ဆေး အပြည့်ထိုးပြီးသား ခရီးသည်တွေအတွက် ရောဂါခြေချုပ် ကွာရန်တင်း သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့တာပါ။

  ဒါကြောင့် ဗြိတိန်နိုင်ငံသားတွေအတွက် အားလပ်ရက် အပန်းဖြေဖို့ အခွင့်အရေး ရလာပါပြီ။ လန်ဒန်က စိန့်ပန်ခရက်စ် နိုင်ငံတကာဘူတာမှာ တနင်္ဂနွေနေ့က ပြင်သစ်ကို သွားမယ့် ခရီးသည်တွေ စည်ကားနေပါတယ်။

  ဗြိတိန်ဟာ နိုင်ငံတကာခရီးသည်တွေအတွက် မီးပွိုင့်စနစ်ကို သုံးနေပါတယ်။ ကူးစက်ကပ်ဘေးနည်းတဲ့ နိုင်ငံတွေကို အစိမ်းရောင်အဆင့်သတ်မှတ်ပြီး ရောဂါခြေချုပ် ကွာရန်တင်း ဝင်ဖို့ မလိုတဲ့ ခရီးသွားခွင့်ကို ပေးထားပါတယ်။

ဘေးအလယ်အလတ်အဆင့် ရှိတဲ့ နိုင်ငံတွေကိုတော့ ပယင်းရောင်အဆင့် သတ်မှတ်ထားပြီး အနီရောင်အဆင့် သတ်မှတ်ခံရတဲ့ နိုင်ငံက ခရီးသည်တွေကတော့ ခရီးသည်ရဲ့ စရိတ်နဲ့ ဟိုတယ်မှာ ဆယ်ရက် ရောဂါခြေချုပ်နဲ့ သီးခြားနေဖို့ ကွာရန်တင်း ဝင်ဖို့ လိုအပ်ပါတယ်။

  ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဘီတာဗီဇမျိုးကွဲ ပျံ့နှံ့မှု ကျဆင်းလာလို့ ဗြိတိန်အစိုးရက ပြင်သစ်ကို ပယင်းရောင် အဆင့်ကနေ ဇူလိုင်လလယ်မှာ အဆင့်လျော့ချခဲ့ပြီး သြဂုတ် ၅ ရက်မှာတော့ ကန့်သတ်ချက်တွေကို ပယ်ဖျက် ပေးလိုက်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up