မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာနယ်မြေရှိ မီးသတ်စခန်းအနီး သြဂုတ် ၈ ရက် နေ့လယ်လောက်က ဗုံး ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဗုံးကို သက်ဆိုင်နယ်မြေခံ စစ်ဘက်မှ တာဝန်ရှိသူတွေက အချိန်မီ လာရောက် ရှင်းလင်းဖယ်ရှားခဲ့လို့ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့ ဆိုပါတယ်။
အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပါအဝင် ရေးမြို့နယ်မှာ ဗုံးပေါက်ကွဲမှု ယနေ့အထိ ၂၀ အကြိမ်အထိ ဖြစ်ပွားခဲ့ထားပြီး အနည်းဆုံး လူ ၈ ဦးလောက် ဒဏ်ရာရှိခဲ့ထားပါတယ်။
ဒီနေ့အထိ ဗုံးပေါက်ကွဲ ဖြစ်စဉ်တိုင်းကို ဘယ်အဖွဲ့အစည်းမှ တရားဝင် ဝန်ခံပြောဆိုထားတာ မရှိသေးပါဘူး။