ရေပြင် စက်သုံးဆီ ရောင်းချမှု ကုမ္ပဏီ ၄ ခုကို ခွင့်ပြု

စွမ်းအင်၀န်ြကီးဌာန ဒုတိယ၀န်ြကီး ဦးြမင့်ေဇာ် ြမန်မာ့ေရနံနှင့် ဓာတုေဗဒ လုပ်ငန်းမှ ဦးေဆာင်ညွှန်ြကားေရးမှူးတို့ စက်ရုံများသို့ လုိက်လံ စစ်ေဆးေနစဉ်
စွမ်းအင်ဝန်ကြီးဌာနဟာ ရေပြင်မှာ လောင်စာဆီ ရောင်းချမယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ခဲ့ရာမှာ ကုမ္ပဏီ ၁၇ ခု လာရောက် လျှောက်ထားပြီး အဲဒီအထဲက ကုမ္ပဏီ ၄ ခုရဲ့ ရေယာဉ် ၉ စင်းကို ရောင်းချခွင့်လိုင်စင် ထုတ်ပေးခဲ့တယ်လို့ ပုဂ္ဂလိက အခန်းကဏ္ဍမြင့်တင်ရေး ဆောင်ရွက်ချက်ဆိုင်ရာ ထုတ်ပြန်ချက်အရ သိရပါတယ်။ [caption id="attachment_47993" align="alignleft" width="300"]စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးတို့ စက်ရုံများသို့ လိုက်လံ စစ်ဆေးနေစဉ် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ဇော် မြန်မာ့ရေနံနှင့် ဓာတုဗေဒ ဦးဆောင်ညွှန်ကြားရေးမှူးတို့ စက်ရုံများသို့ လိုက်လံ စစ်ဆေးနေစဉ်[/caption] လိုင်စင်ရထားတဲ့ ကုမ္ပဏီပိုင် ဆီတင်ရေယာဉ်တွေဟာ မြန်မာ့ရေပြင်မှာ စက်သုံးဆီ တင်ဆောင်ပြီး စက်လှေတွေနဲ့ အခြားအသုံးလိုသူတွေကို လှည့်လည် ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ အလားတူ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် ဖွင့်ချင်လို့ လျှောက်ထားလာတဲ့ အရောင်းဆိုင် ၁၂၀၀ ကျော်ထဲက ဆိုင်ပေါင်း ၈၀၀၊ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးလိုသူ ၅ ဦး လျှောက်ထားတာထဲက ၃ ဦးကို လိုင်စင်ချထားပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

More News
Up