မိုးကုတ်မြို့အချုပ်ထောင်ထဲ ဗုံးကွဲ၊ ရဲတပ်သား ၂ ဦးဒဏ်ရာရ
DVB
·
August 7, 2021
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းက အချုပ်ထောင်မှာ သြဂုတ် ၇ရက် ညနေပိုင်းက ဗုံးကွဲခဲ့ပြီး ရဲတပ်သား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့တောင်ကချင်ရပ်ကွက်ရှိ အချုပ်ထောင်ထဲမှာ ဗုံးကွဲတာဖြစ်ပြီး ရဲတပ်သား တစ်ဦးက ခြေထောက်ထိထားပြီးနောက်တစ်ဦးကတော့ မျက်နှာထိထားတယ်လို့ မြင်တွေ့သူတွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်အုပ်စုက ကားနဲ့ရောက်လာပြီး ဒဏ်ရာရထားသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။