သီရိလင်္ကာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းမရဖြစ်နိုင်

သီရိလင်္ကာနိုင်ငံထဲမှာ ကူးစက်နေတဲ့ ကိုဗစ်-၁၉  ကပ်ရောဂါ အခြေအနေဟာ ထိန်းမရ သိမ်းမရ ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသား ဖော်ပြပါတယ်။

သီရိလင်္ကာအစိုးရက သြဂုတ်  ၂ ရက်က စပြီး ပြည်သူ့ဝန်ထမ်းတွေအားလုံး လုပ်ငန်းခွင် ပြန်ဝင်ကြဖို့ ပြန်ခေါ်မယ့် ဆုံးဖြတ်ချက်ကို သြဂုတ် ၅ ရက်မှာ ပြန်ပြောင်းလိုက်ပါတယ်။

သြဂုတ်  ၅ ရက်က တရက်တည်းမှာ ကူးစက်ခံ သေဆုံးသူ ဦးရေ ၉၄ ယောက်ရှိခဲ့တာကို ကျန်းမာရေးဌာန ညွှန်ချုပ်ကအတည်ပြုခဲ့လို့ တရက်တည်းအတွင်း အသေအပျောက်အများဆုံး အဖြစ် စံချိန်တင်ခဲ့တာပါ။

တရက်တည်းအတွင်း အသစ်ကူးစက်ခံ လူနာ ၂၆၇၄ ယောက်ရှိခဲ့လို့ စုစုပေါင်း ကူးစက်ခံ အတည်ပြု လူဦးရေ ၃၀၂၄၃ ရှိသွားပါပြီ။

“ခု မြင်နိုင်တာကတော့ ကျနော်တို့ ဆေးရုံက လူနာဆောင်အားလုံး လူပြည့်လျှံနေတာပဲ။ တကယ်လို့ ကျန်ခဲ့တဲ့ ၂ ရက် အတွက် သတင်းအချက်အလက်တွေကို ကြည့်ရင် တမိနစ်ကို ပျမ်းမျှ လူ ၃ ယောက် သေနေတယ်”လို့ သီရိလင်္ကာ ဆေးဘက်အဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌ မနိကာ ဆူမာနာတေလေကေ က ပြောပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ နေ့တိုင်း လူအယောက် ၅ သိန်းနီးပါးကို တရုတ်နိုင်ငံလုပ် Sinopharm ကာကွယ်ဆေး ထိုးပေးနေပြီး ကာကွယ်ဆေး ထိုးနှံရေး အရှိန်မြှင့်နေပါတယ်။

အသက် ၃၀အထက် လူဦးရေ ၁၀ သန်း ကျော်ဟာ ကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပြီးကြပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up