Home
မြန်မာသတင်း
တရုတ်အစိုးရက စစ်ရှောင်ဒုက္ခသည်များကို ဒီဇင်ဘာ ၁၅ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်း
ခွန်ဇော်ဦး
·
December 9, 2013
တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားစစ်ဘေးရှောင်စခန်းကို တရုတ်အစိုးရက အပစ်အခတ် ရပ်စဲမှုမရှိသေးတဲ့ မြန်မာပြည်ဘက်ခြမ်းကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်ခိုင်းနေလို့ ဒုက္ခသည်တွေ အခက်အခဲ ကြုံတွေ့နေရပါတယ်။ Kachin Refugee9 copyတရုတ်နယ်စပ်နဲ့ မြန်မာနိုင်ငံ ပန်ဝါမြို့ကြား လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဖရဲရွာအနီး နယ်စပ်မှတ်တိုင် ၆ မှာ ရှိတဲ့ စခန်းက ဒုက္ခသည်တွေကို ဒီဇင်ဘာ ၁၅ နောက်ဆုံးထားပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ မြန်မာဘက်ခြမ်းကို ရှေ့ပြောင်းခိုင်းနေတာပါ။ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက “အဓိက အစားသောက်က အခက်အခဲဖြစ်နေတယ်။ သောက်ရေကလည်း ဒီဇင်ဘာကနေ ဧပြီလအထိ ရေခဲနေတဲ့အတွက် ရေဖို့ ခက်ခဲနေတယ်။ ကလေးတွေက မနက် ၄ နာရီခွဲလောက်ကတည်းက ရေတန်းစီပြီး ခတ်နေရတယ်။ အဲမှာ ကြည့်လိုက်ရင် နယ်စပ်တလျှောက်မှာရှိနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေထက် အဲဒီနေရာက ခက်ခဲနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။ အဲဒီစစ်ပြေးဒုက္ခသည်စခန်းမှာ သောက်သုံးရေမရှိတာနဲ့ အိမ်သာ မလုံလောက်တာကြောင့် ကလေးငယ် ၁၀ ယောက်ထက်မနည်း ၀မ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတယ်လို့ ဆိုပါတယ်။ Kachin Refugee6 copyအဲဒီစခန်းမှာ ဒုက္ခသည် ၉၀၀ ကျော်နဲ့ ကျောင်းသူကျောင်းသား ၂၀၀ ကျော် နေထိုင်နေကြတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် စစ်ဖြစ်ပွားရာအနီး ကျေးရွာတွေက ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024