Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်တွင် ရေကြီးသဖြင့် နှမ်းဧက ၁၀၀ ကျော် ပျက်စီးဆုံးရှုံး
DVB
·
August 6, 2021
232895669_2637446853223426_8971715876217539076_n
232596594_2637446813223430_2145503657156657524_n
231707515_2637446909890087_8506613574678716846_n
233040906_2637446779890100_5204802552825651653_n
231613533_2637446733223438_6261887111147509813_n
231613533_2637446733223438_6261887111147509813_n (1)

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရိပ်သိမ်းခါနီး နှမ်းခင်း ဧကရာနဲ့ချီဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီးတော့ လွှာချောင်းနဲ့ ပဲမြောက်ချောင်းမှာ ရေကြီးရေလျှံ ဖြစ်ပေါ်တာကြောင့် ရိတ်သိမ်းခါနီး နှမ်းတွေနဲ့ ရိတ်သိမ်းပြီး နှမ်းထောင်တွေ ရေနစ်မြှုပ်ပြီးတော့ နှမ်းခင်းဧက ၁၀၀ ကျော်  ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတောင်သူတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။

မင်းတုန်းမြို့နယ်ဟာ ရခိုင်ရိုးမတောင်တန်းနဲ့ ထိစပ်နေတာကြောင့် မိုးအဆက်မပြတ်ရွာသွန်းလို့ ရှိရင် လွှာချောင်းနဲ့ ပဲမြောက်ချောင်းတွေမှာ ရေကြီးရေလျှံဖြစ်ပေါ်ပြီး သီးနှံတွေပျက်စီးဆုံးရှုံးကာ လူနေအိမ်တွေ ရေနစ်မြုပ်၊မျောပါတာတွေဖြစ်လေ့ရှိပါတယ်။

ဒါအပြင် မိုးကြီးတာကြောင့် ပုသိမ်-မုံရွာ လမ်းမကြီးမှာလည်း ရေကြီးရေလျှံဖြစ်ပေါ်နေတာ ကျေးရွာတစ်ချို့က လူနေအိမ် ၂၀ ကျော်လောက် ရေနစ်မြုပ်နေပြီးတော့ ဘေးလွတ်ရာကို ရွေ့ပြောင်းနေထိုင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024