Home
မြန်မာသတင်း
ယင်းမာပင်မြို့တွင် အိမ်ထောင်စု ၅၀၀ ခန့်ကို စား​သောက်ကုန် ၃ မျိုး အခမဲ့ လှူဒါန်း
DVB
·
August 5, 2021
219277807_2800315623524329_5987244030600717141_n
218184020_2800315303524361_7222940049449531027_n
219873797_2800251596864065_8220784663573084442_n

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ သြဂုတ် ၅ ရက်​က အိမ်ထောင်စု ၄၈၀ ကို စား​သောက်ကုန် ၃ မျိုးဖြစ်တဲ့ ဆန် ၁ ပြည်၊ ကြက်ဥ ၅ လုံး နဲ့ ကြက်သွန်နီ ၁ ပိဿာစီ လှူဒါန်းပေးခဲ့ပါတယ်။

လှူဒါန်းတဲ့အလှူရှင်ဟာ လက်ရှိမှာ ယင်းမာပင်မြို့မှာ​နေထိုင်တဲ့ ဦး​ကျော်ထူးလှိုင် ဖြစ်ပြီး သူ့ရဲ့ဇာတိက ရွာ​ထောင်​လေးရွာက ဖြစ်တယ်လို့ သိရပါတယ်။

"အရင်​နေ့က​တော့ ၃ မျိုး ​ငွေ ၁၀၀ ကျပ်နဲ့​ရောင်းချ​ပေးမယ်လို့ ​​ကြေညာခဲ့​ပေမယ့် အခုက အခမဲ့ ​ပေး​ဝေခဲ့တာ။ ယင်းမာပင်မြို့​ပေါ်မှာရှိတဲ့ အိမ်​ထောင်စု ၃၃၀ နဲ့ အလှူရှင်ရဲ့ဇာတိရွာဖြစ်တဲ့ ရွာ​ထောင်​လေးရွာက အိမ်​ထောင်စု ၁၅၀ တို့ကို ​ပေး​ဝေလှူဒါန်းခဲ့တာဖြစ်ပြီး စားဝတ်​နေ​ရေးအဆင်​ပြေ​​စေဖို့ တဖက်တလှမ်းက​နေကူညီတဲ့အ​နေနဲ့ အခုလိုလုပ်​ဆောင်​ပေးခဲ့တာ” လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024