ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များကို မုန်တိုင်းအန္တရာယ် သတိပေး
DVB
·
December 9, 2013
မဒီ (Madi) အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့မနက် ၆ နာရီ တိုင်းထွာချက်အရ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်နဲ့ အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် မိုးလေ၀သဌာနက ကြေညာထားပါတယ်။
[caption id="attachment_47942" align="alignleft" width="300"] ဓာတ်ပုံ - utunlwin.com[/caption]
ဆိုင်ကလုန်းမုန်တိုင်း မဒီ(MADI) ဟာ ဒီနေ့ မနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ရဲ့ အရှေ့- အရှေ့ မြောက်ဘက်မိုင် ၂၇၀ ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် မိုင် (၄၉၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်မယ်လို့ မိုးဇလက ဆိုပါတယ်။
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းရဲ့ လက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိပေမယ့် ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်နဲ့ မြေပြင်လေသည် ၁ နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။