Home
မြန်မာသတင်း
ပေါင်မြို့နယ်က တက္ကသိုလ်ကျောင်းသူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
August 4, 2021
230913723_1669767170020878_4715963950201631874_n
230141393_1669767216687540_6215226103176999568_n
231010163_1669767303354198_7543782712628643778_n

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာ‌ကျေးရွာနေ တက္ကသိုလ်ကျောင်းသူ ၂ ဦးကို ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်နဲ့ရဲတွေက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာ နောက်ဆုံးနှစ်ကျောင်းသူ နန်းစန္ဒာ၀င်းနဲ့ ရုက္ခဗေဒ (အဝေးသင်တန်း) စတုတ္ထနှစ် ကျောင်းသူ နန်းဆုပိုင်ဖူး တို့ကို နေအိမ်အတွင်း ဝင်ရောက်ပြီး မတရား ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီကျောင်းသူ ၂ ဦးဟာ ပေါင်မြို့နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျား သပိတ်မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း ဆက်တိုက်မြင့်တက်နေတဲ့ အခြေအနေမှာ ကျောင်းသူ‌တွေကို ခုလို မတရားဖမ်းဆီးတာကို လက်မခံနိုင်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြလို့ ဆိုပြီး ကျောင်းသူ ကျောင်းသားတွေနဲ့ အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024