ထိုင်းနိုင်ငံ၌ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀,၀၀၀ ကျော်ရှိ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀,၀၀၀ ကျော်နဲ့ ထပ်မံစံချိန်တင်ခဲ့ပြီး သေဆုံးသူ ၁၈၈ ယောက်ထိ ရှိခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်းကတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၁၈,၀၀၀ ကျော်နဲ့ စံချိန်တင်ထားခဲ့တာမို့ အဆိုပါစံချိန်ထက် ပိုမိုကျော် လွန်လာခဲ့တာပါ။

လတ်တလော ကူးစက်ခံရသူအသစ် ၂၀,၀၁၃ ယောက်ထဲမှာတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၁၈၇ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလို့ ဆေးရုံက ဆင်း ခွင့်ရတဲ့အရေအတွက်ကတော့ ၁၇,၉၇၅ ယောက် ရှိနေတာပါ။

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းက စတင်ကာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုအတွင်း ရောဂါကူးစက်မှုအသစ် ၆၄၀,၀၀၀ သိန်းကျော်ရှိပြီး ၄၂၀၀၀၀ ကျော်ကတော့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာခဲ့တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၆၇၂,၃၈၅ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၅,၅၀၃ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း သန်း ၂၀၀ ကျော်လွန်လာပြီး  သေဆုံးသူပေါင်း ၄ ဒသမ ၂၅ သန်းကျော်ရှိလာပြီ  ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up