မကွေးနဲ့ နတ်မောက်မြို့နယ်တွေမှာ စားဝတ်နေရေး အခက်အခဲကြုံနေတဲ့ အိမ်ထောင်စု ၁၀၀ ကျော်ကို သြဂုတ် ၃ ရက် မနက်ပိုင်းက ကျေးလက်မြေပရဟိတအဖွဲ့က ဦးဆောင်ပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ချိတ်ဆက်ကာ အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။
အိမ်ထောင်စု ၁၁၇ စုအတွက် တစ်အိမ်ထောင်ကို ဆန် ၄ ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၅ လုံးစီ အိမ်တိုင်ရာရောက်စနစ်နဲ့ ထောက်ပံ့လှူဒါန်ပေးခဲ့တာလို့ ကျေးလက်မြေပရဟိတ အဖွဲ့ကဦးဆောင်သူ ကိုဇော်မင်းထိုက်က ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကိုလည်း ဂရုစိုက်ရပေမယ့် ပြည်သူတွေရဲ့ စားဝတ်နေရေး အခက်ခဲတွေကိုလည်း မေ့ထားလို့ မရတာကြောင့် အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ကိုဗစ်ရောဂါကာကွယ်ရေး အစီမံတွေပြုလုပ်ပြီး ထောက်ပံ့လှူဒါန်းပေးတာလို့ ဆိုပါတယ်။
ကျေးလက်မြေပရဟိတ အဖွဲ့အနေနဲ့ သြဂုတ်လလည်လောက်က စတင်ပြီးတော့ ဝေးလံခေါင်သီတဲ့ တောထဲတွေမှာ မိုးမလုံ၊ လေမလုံ နေရာတွေမှာ ဒုက္ခခံပြီး ပြည်သူတွေအတွက် အသက်ပေးကာကွယ်နေတဲ့သူတွေကို ဦးစားပေး လှူဒါန်းသွားမယ်လို့ပြောပါတယ်။