Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် နေ့စဉ် လူ ၁၀၀ ခန့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးနေ
DVB
·
August 3, 2021
226512282_1669016013429327_3045574712540280792_n
226470311_1669015946762667_3251245870802930482_n
230134448_1669016220095973_1725526102575168435_n
226965372_1669016283429300_4408985726372445536_n
226925580_1669016143429314_6763317455922069233_n

မွန်ပြည်နယ်မှာ တစ်ရက်ကို ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၀ နီးပါး သေဆုံးနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သုသာန်တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာ သေဆုံးမှုဟာ ဇူလိုင် နောက်ဆုံးအပတ်မှာ အနည်းငယ် ကျဆင်းလာခဲ့ပေမယ့် သြဂုတ် ၁ ရက်နေ့ကစပြီး သေဆုံးမှုနှုန်း ပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

သြဂုတ် ၁ ရက်နေ့စကပြီး မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ တစ်ရက် ကိုဗစ်အတည်ပြုလူနာ ၁၀၀ နီးပါး သေဆုံးနေတာဖြစ်ပြီး မော်လမြိုင်မြို့နယ် တစ်ခုတည်းမှာပဲ သေဆုံးသူ တစ်ရက် ကိုဗစ်လူနာ ၅၀ နီးပါးရှိတယ်လို့  လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်လူနာ သေဆုံးမှုတွေထဲမှာ  ဆေးရုံမှာ တက်ရောက်ကုသရင်း သေဆုံးနေတာထက်  နေအိမ်မှာ ကုသရင် သေဆုံးသူတွေ ပိုတိုးလာနေတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေကို မော်လမြိုင်က ဗမာသုသာန်တစ်ခုတည်းမှာပဲ တစ်ရက်ကို လူနာ ၄၀ လောက် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ သုသာန်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ကျန်းမာရေးဦးစီးဌာနကတော့ သြဂုတ် ၃ ရက်နေ့ထိ မွန်ပြည်နယ်တစ်ခုလုံးမှာ သေဆုံးသူ ၅၀၀ ကျော်သာ ရှိသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024