မသန်စွမ်း အားကစားပြိုင်ပွဲအတွက် အားကစားနည်းများ အတည်ပြု

အခု ကျင်းပနေတဲ့ ဆီးဂိမ်းအပြီးမှာ ထပ်မံ ကျင်းပမယ့် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲအတွက် အာဆီယံကိုယ်စားလှယ်တွေ တွေ့ဆုံပြီး အားကစားနည်း၊ ယှဉ်ပြိုင်မယ့်နိုင်ငံ၊ အားကစားသမားဦးရေ စတာတွေကို သတ်မှတ်လိုက်ပါတယ်။ လာမယ့် ၇ ကြိမ်မြောက် ပါရာဂိမ်း အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာ ကျင်းပမယ့် အားကစားနည်း၊ ယှဉ်ပြိုင်မယ့်နိုင်ငံနဲ့ အားကစားသမားဦးရေ စတာတွေကို အာဆီယံ ၁၁ နိုင်ငံက ကိုယ်စားလှယ်တွေ တွေ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ disable seagames copyတွေ့ဆုံပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံက ဘိုဘိုမင်းဟိုတယ်မှာ ကျင်းပတာ ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၇ ရက်နေ့ထိ  ကျင်းပနေတာ ဖြစ်ပါတယ်။ အားကစားနည်း ၁၂ မျိုးမှာ မြန်မာ အားကစားသမား ၂၀၀ ကျော် ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးမြင့်က “အားကစားသမားပေါင်း ပထမ ခန့်မှန်းထားတာက ၁၈၀၀ လောက် ခန့်မှန်ထားတယ်။ အခုကြတော့ တချို့ အားကစားတွေက သူတို့ မပါဝင်နိုင်တာရှိတယ်။ မပြိုင်နိုင်တာ ရှိတယ် အဲဒါလေးတွေ လျော့လျော့သွားတဲ့အခါကြတော့ အခုက အားကစားသမား ၁၂၀၀ လောက်ပဲရှိတော့တယ်။ မြန်မာနိုင်ငံက အားကစားသမား ၂၀၀ နဲ့ နည်းပြ ၇၀ စုစုပေါင်း ၂၇၀ လောက်နဲ့ ယှဉ်ပြိုင်သွားပါ့မယ်။ ၆ ကြိမ်မြောက် သွားခဲ့တုန်းကတော့ အားကစားသမား ၂၅၊ ၃၀ လောက်ပဲသွားခဲ့တယ်။ အားကစားနည်းကလည်း  ၅ မျိုး ၆ မျိုးလောက်ပဲ ပြိုင်ခဲ့တာ။ အခုက အိမ်ရှင်ဖြစ်နေတဲ့အတွက် အားကစားနည်း ၁၂ မျိုးလုံးကို အားကစားသမား ၂၀၀ နဲ့ ၀င်ပြိုင်မှာပါ။” လို့ ပြောပါတယ်။ လက်ရှိမှာတော့ အာကစားသမားတွေမှာ အရည်အသွေး ပြည်မီတဲ့ ပစ္စည်းတွေ မရှိတာကြောင့် လေ့ကျင့်ရေး လုပ်ရာမှ  အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးမြင့်က “တခြားနိုင်ငံ သွားပြိုင်တုန်းက ၆ ကြိမ်အထိသွားခဲ့တာ အနည်းဆုံး ၁ မျိုး ၂ မျိုးကနေစခဲ့ပြီး နောက်ဆုံးပြိုင်ခဲ့တာဆိုရင် ၆ မျိုး ပြိုင်ခဲ့တာပေါ့။ အခု ကိုယ့်နိုင်ငံမှာ ၁၂ မျိုးလုပ်ရမှာဆိုတော့ ကျန်တဲ့ ၆ မျိုးကြတော့  ဥပမာ- ၀ှီးချဲ ဘတ်စကတ်ဘော၊ ရိုးရိုးဝှီးချဲ နဲ့ ကစားလို့မရဘူး။ ဘတ်စကတ်ဘော ကစားတဲ့ ၀ှီးချဲနဲ့မှ ကစားလို့ရတယ်။ ဒါက အန်ကယ်တို့မှာ မရှိဘူး။ ဒါပေမယ့် အာရှပစိဖိတ်လို့ အာဆီယံ ပါရာဂိတ်စင်တာကနေပြီး အားကစားပစ္စည်းတွေ ထောက်ပံ့ ပေးတယ်။ နောက် သူတို့ဆီက နည်းပြတွေလာပြီး လေ့ကျင့်ပေးတယ်။ နောက်သူတို့ဆီက ဒိုင်တွေလာပြီး ဘယ်လိုအကဲဖြတ်ရတယ်၊ ဘယ်လို ဒိုင်လုပ်ရတယ်ဆိုတာ လာလုပ်ပေးတယ်။ အဲဒါကို အားကစားနည်း အသစ် ၆ မျိုးလုံးလုပ်ပြီးသွားပြီ။ နောက်အားကစားပစ္စည်းတွေကိုလည်း သူတို့ တော်တော်လေးကို ပံ့ပိုးပေးထားပါတယ်။ ကျန်တာကတော့ အန်ကယ်တို့ ထပ်ဖြည့်ရမှာပေါ့။ ထပ်ဖြည့်ဖို့လည်း အစီအစဉ်ရှိတယ်။ ” လို့ ပြောပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၆ ကြိမ်မြောက် ပါရာဂိမ်းအားကစားပွဲတုန်းက မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ဟာ ရွှေတံဆိပ် ၁၁ ရခဲ့ပါတယ်။ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်တဲ့ ပါရာဂိမ်း အားကစားပြိုင်ပွဲကိုတော့ ဆီးဂိမ်းလ်အပြီး ဇန်န၀ါရီ ၁၁ ကနေ ၂၁ ရက်နေ့အထိ  နေပြည်တော် ၀ဏ္ဍသိဒ္ဓိ အားကစားကွင်းမှာပဲ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up