
နိုင်ငံကျော်လူရွှင်တော်နဲ့ သရုပ်ဆောင် ဦးမေတ္တာဟာ ဩဂုတ် ၂ ရက်၊ နေ့လယ် ၁၂ နာရီမှာ ကွယ်လွန်သွားပါတယ်။
သူ ကွယ်လွန်သွားပြီဖြစ်ကြောင်း သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။
အသက် ၆၇ နှစ် အရွယ် ဦးမေတ္တာဟာ အဆုတ်နဲ့ နှလုံးရောဂါအခံရှိသူဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းက ခွဲစိတ်ကုသမှု ခံယူထားခဲ့ရ သူဖြစ်ပါတယ်။
ဦးမေတ္တာကို ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းက ဦးခင်မောင်မြင့်ဖြစ်ကာ ဟာသသရုပ်ဆောင်အဖြစ် ရုပ်ရှင်နဲ့ ဗွီဒီယိုတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။