Home
မြန်မာသတင်း
အများပြည်သူအလုပ်ပိတ်ရက် ဩဂုတ် ၈ ရက်အထိ သီတင်းတစ်ပတ်ထပ်တိုး
DVB
·
August 2, 2021
210034942_1897466153734469_539302965274362401_n

အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ဩဂုတ် ၁  ရက်နေ့မှ ဩဂုတ် ၈ ရက်နေ့အထိ တစ်ဆက် တစ်စပ်တည်း ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက  မနေ့ညက ထုတ်ပြန်  ကြေညာပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှ  ၂၅ ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ဇူလိုင် ၂၆ ရက်မှ ဩဂုတ်လ ၁ ရက်နေ့ ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ကာအခု ဩဂုတ် ၈ အထိ ထပ်တိုးလိုက်တာဖြစ်ပါတယ်။

အများပြည်သူ အလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ဖို့ ခုလို ရုံးပိတ်ရက်တွေ ထပ်တိုးလိုက်တာလို့ဆိုပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ဖို့ ထူးခြားတဲ့ အခြေအနေအရ ဘဏ်တွေမှအပ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် တိုးမြှင့်သတ်မှတ်ကြောင်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃,၀၀၀ ကျော်၊ သေဆုံးသူ ၃၉၇ ယောက်နဲ့ စုစုပေါင်း ကူးစက်ခံရသူ ၃ သိန်းကျော်၊  သေဆုံးသူပေါင်း  ၉,၇၃၁ ယောက်ရှိနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဩဂုတ် ၁ ရက်ညမှာ ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024