မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ဗဟင်းကျေးရွာမှာ သြဂုတ် ၁ ရက်နေ့က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း မြိုင် PDF ခေါင်းဆောင်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။
ဗဟင်းရွာမှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ဗဟင်းစခန်းမှူး သေးဆုံးကာ ရဲတပ်သား ၃ ယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
မြိုင်မြို့နယ် MPDF ခေါင်းဆောင်တစ်ယောက် အသက်ပေးလိုက်ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ပေမယ့် သူရဲကောင်းတစ်ယောက်ရဲ့ ပေးဆပ်မှုကို အမြဲတမ်း ဦးညွှတ်အလေးပြုနေမယ်လို့ ဆိုပါတယ်။