Home
သတင်းဓာတ်ပုံ
အောက်ဆီဂျင် အခက်အခဲရှိသူ​များကို ယင်းမာပင် သင်္ဂဟလူမှုကူညီ​ရေးအသင်း ​ကူညီ​ပေးနေ (ဓာတ်ပုံ)
DVB
·
August 1, 2021

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့မှာရှိတဲ့ သင်္ဂဟလူမှုကူညီ​ရေးအသင်းက​နေ ​အောက်ဆီဂျင်အခက်အခဲဖြစ်​​နေတဲ့ပြည်သူ​တွေကို ကူညီ​ဆောင်ရွက်​ပေး​နေပြီး အသင်းရုံးမှာ ​အောက်ဆီဂျင်ဖြည့်သွင်း​ပေးမှု​တွေ လုပ်​ဆောင်​ပေး​နေပါတယ်။

“အောက်ဆီဂျင်က​တော့ မန္တ​လေး၊ မုံရွာ တို့က​နေ ယူရတာဖြစ်ပါတယ်။ ရရင်ရသ​လောက် ​ပေး​ဝေနိုင်ပြီး လက်ရှိအချိန်မှာ​တော့ တစ်​ရက်ကို ​အောက်ဆီဂျင်အိုး​လေး အလုံး​ရေ ၆၀ က​နေ ၈၀ ကြားထိ​တော့ ​ပေးနိုင်တယ်။  ​ကြေးနှုန်းက​တော့သတ်မှတ်မထားဘဲ ​စေတနာရှိသ​လောက် အလှူခံတာပဲရှိပါတယ်။ ၁၀,၀၀၀ ​ပေးရင်လည်း ၅,၀၀၀ ​လောက်ပဲ အလှူခံလိုက်တာ။ ဘာဖြစ်လို့လဲဆို​တော့ ကျ​နော်တို့အသင်းအ​နေနဲ့ကလည်း ​လော​လောဆယ် အလှူရှင်တချို့ ရှိ​ပေမယ့် ​ရေရှည်ကူညီနိုင်ဖို့အတွက် အသင်းရန်ပုံ​ငွေ မ​လောက်မှာစိုးတာ​ကြောင့်” လို့ တာဝန်ရှိသူတစ်ဦးက ​ပြောပါတယ်။

လက်ရှိအချိန်မှာ ယင်းမာပင်မြို့​ပေါ်ကို ပထမဦးစား​ပေးဖြစ်ပြီး ဒုတိယဦးစား​ပေးက နယ်​ဒေသ​တွေဖြစ်ကာ မြို့နယ်ခြားကလူ​တွေ လာ​ရောက်ယူ​ဆောင်တာ​တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024