ပင်လည်ဘူးမြို့နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ ဇူလိုင် ၃၁ ရက်နေ့ ညနေ ၃ နာရီက မိုးသောက်ကြယ် မူးယစ်းဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “သူတို့က ရွာဘက်ကို လမ်းတွေမကောင်းလို့ လမ်းပြင်သွားတာ။ သူနဲ့အတူ ရွာသား ၄ ယောက်ပါသွားတယ်၊ လမ်းပြင်နေတုန်း  အမည်မသိတွေက သူ့ကိုသေနတ်နဲ့ ပစ်သတ်သွားတယ်။ ကျန်တဲ့ ၄ ယောက်ကို ဘာမှမလုပ်ဘူး၊ မဆိုင်တဲ့သူတွေဝင်မပါနဲ့လို့ ပြောပြီးပစ်သတ်သွားတယ်” လို့ ပြောပါတယ်။

ဦးခင်ဇော်ဝင်းဟာ NLD အစိုးရလက်ထက်နဲ့ စစ်ကောင်စီလက်ထက်မှာပါ ကင်းပန်းကျေးရရွာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု သူ အသတ်ခံရတာ နိုင်ငံရေးကြောင့်လို့ ထင်တယ်။ သူက ပရဟိတသမားပါ၊ နိုင်ငံရေးတွေ ဘာတွေ မလုပ်ဘူး။ သူတို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ဥက္ကဋ္ဌ လုပ်နေတယ်။ သူ လုပ်လာတာ NLD အစိုးရလက်ထက်ကတည်းက လုပ်ခဲ့တာပါ၊ အခုမှလုပ်တာ မဟုတ်ဘူး။” 

ပြီးခဲ့တဲ့လကလည်း ဦးခင်ဇော်ဝင်း စီးနင်းလာတဲ့ယာဉ် ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up