လားရှိုးတွင် ကိုဗစ်- ၁၉ ရောဂါဖြင့် သေဆုံးသူ ၉၀ ကျော်ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူဦးရေဟာ အယောက် ၉၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ နယ်မြေခံပရဟိတအဖွဲ့‌တွေက ပြောပါတယ်။

လားရှိုးမြို့မှာ ဇူလိုင် ၂၉ ရက်နေ့ တစ်ရက်တည်းမှာ အတည်ပြုလူနာ  ၈၈ ဦး တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်း စတင်ကူးစက်ပြန့်ပွားတဲ့ ဇွန်လ ၉ ရက်ကနေ ဇူလိုင် ၃၀ ရက်ထိ ရောဂါကူးစက်ခံရသူပေါင်း  ၁,၇၅၅ ဦးရှိပါတယ်။

အဲ့ဒီထဲက ၁,၀၉၀ ဦးဟာ ရောဂါသက်သာ‌ပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနစာရင်းအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ကပြည်သူလူထုတွေဟာ အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျန်းမာရေးဌာနတွေမှာ ဆေးဝါးကုသမှုခံယူမှု မရှိသလောက်နည်းပါးပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နီးစပ်ရာပုဂ္ဂလိကဆေးခန်းတွေနဲ့ မိမိနေအိမ်တွင်းမှာသာ ကိုဗစ်-၁၉ ရောဂါကို ရရာဆေးဝါးနဲ့ ကုသနေသူတွေလည်း ရှိနေသလို သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။

ဒါ့ကြောင့် လားရှိုးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူစာရင်းဟာ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ လူဦးရေထက် ပိုများ‌နေနိုင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနကနေ ထုတ်ပြန်ထားတဲ့ နေအိမ်တွင်း နေထိုင်ရေး(Stay at Home) ကြေညာထားတဲ့ နိုင်ငံတဝန်း မြို့နယ်  ၁၀၈ မြို့နယ်ထဲမှာ  လားရှိုးမြို့နယ် ပါဝင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up