ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မိုးကောင်းရဲစခန်းအချုပ် မှာ ဇူလိုင် ၂၈ ရက်နေ့က အချုပ်သား တစ်ဦး အနံ့ပျောက်သွားတဲ့အတွက် စစ်ဆေးရာက အချုပ်သား ၄ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့ရသူ အချုပ်သား ၄ ဦးမှာ ဇူလိုင်လအတွင်း အချုပ်ကျသူတွေဖြစ်တယ်လို့ မိုးကောင်း ရဲစခန်း နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အချုပ်သား ၉ ဦးထဲက တစ်ဦးက အနံပျောက်လို့ စစ်ဆေးရာမှာ ၄ ဦးက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့တယ်။ သူတို့ကိုတော့ အချုပ်သီးသန့်ခွဲထားတယ။”
ဒါ့အပြင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းအချုပ်မှာလည်း ဇူလိုင် ၂၃ ရက်နေ့က အချုပ်သား ၁၃ ယောက်ကို စစ်ဆေးရာမှာ ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဇူလိုင် ၂၈ ရက် ည ၈ နာရီထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၆၇၅ ဦး၊ ဆေးကုသဆဲ လူနာ ၂၆၂၇ဦး နဲ့ သေဆုံးလူနာစုစုပေါင်း ၁၁၈ ဦး ရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။