ဝူရှူးပြိုင်ပွဲတွင် မြန်မာက ရွှေ ၂ ခု ရပြီ
DVB
·
December 7, 2013
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ၀ူရှူးပြိုင်ပွဲကို ဒီနေ့စတင်ကျင်းပရာ ထောက်လု နှစ်ယောက်တွဲအတိုက်ပြိုင်ပွဲမှာ မြန်မာက ကျော်ဇင်သစ်နဲ့ ဝေဖြိုးအောင်အတွဲက ရွှေတံဆိပ်ရယူနိုင်ခဲ့ပါတယ်။
ဝူရှူး အားကစားတဦးချင်းပြိုင်ပွဲမှာ အောင်စည်သူက ရွှေတံဆိပ် ထပ်မံ ဆွတ်ခူးလိုက်ပါတယ်။
ဖိလစ်ပိုင်က ငွေနဲ့ ထိုင်း က ကြေးတို့ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် တတိယမြောက် ရွှေတံဆိပ်ဖြစ်ခဲ့ပြီး နိုင်ငံအလိုက် ဆုရရှိမှုမှာ ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြန်မာက ရိုးရာခြင်းလုံးမှာ ၃ ခုနဲ့ ၀ူရှူးမှာ ၂ ခု စုစုပေါင်း ရွှေတံဆိပ် ၅ ခု ရရှိထားပါတယ်။