နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်များရဲ့ ၀မ်းနည်းစကား

တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှုစနစ် ဆန့်ကျင်ရေးခေါင်းဆောင် အသက် ၉၅ နှစ်အရွယ် နယ်လ်ဆင်မင်ဒဲလားဟာ ဒီဇင်ဘာ ၅ ရက်နေ့က ကွယ်လွန်သွားပါတယ်။ နယ်လ်ဆင်မင်ဒဲလား ကွယ်လွန်သွားတဲ့အပေါ် ကမ္ဘာ့ခါင်းဆောင်အသီးသီးက ၀မ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။ ဘန်ကီမွန်း (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်) ShowImage.ashx“နယ်လ်ဆင် မင်ဒဲလား ကွယ်လွန်သွားတဲ့အတွက် အကြီးအကျယ် စိတ်ထိခိုက်ရပါတယ်။ မင်ဒဲလားဟာ တရာမျှတမှု မဟာလူသားတယောက်ဖြစ်သလို ကြီးမြတ်တဲ့ လူသားဝါဒီ တယောက် ဖြစ်တယ်။ “လူ့ဂုဏ်သိက္ခာအတွက်၊ တန်းတူညီမှုမှုနဲ့ လွတ်လပ်မှုအတွက် ကိုယ်ကျိုးမဖက်ဘဲ ရုန်းကန်တိုက်ပွဲဝင်မှုတွေက တကမ္ဘာလုံးက အကြီးအကျယ် လေးစားအားကျခဲ့တယ်။ တချိန်တည်းမှာ ကျနော်တို့ သက်တမ်းအတွင်းမှာ  ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေနဲ့ တန်ဖိုးတွေကို ပေါက်မြောက်အောင် ဆောင်ရွက်တဲ့နေရာမှာ မင်ဒဲလားလောက် ဆောင်ရွက်ချက်တွေကို ဘယ်သူမှ မမီခဲ့ပါဘူး။" ဘာရတ်အိုဘာမား (အမေရိကန်သမ္မတ) barack-obama-pic-reuters-980816429-145267“ဒီနေ့မှာ သူကတော့ အိမ်ပြန်သွားပါပြီ။ ကျနော်တို့အတွက်တော့ လေးစားစရာ အကောင်းဆုံး၊ သတ္တိအရှိဆုံးနဲ့ လူသားတန်ဖိုး အမြင့်မားဆုံး လူသားတွေထဲက တယောက်ကို ဆုံးရှုံးလိုက်ရပါပြီ။ “စံပြပုဂ္ဂိုလ် မင်ဒဲလားသာ မရှိခဲ့ရင် ကျနော့်ဘ၀ ဘယ်လိုဖြစ်လာမလဲဆိုတာ မစဉ်းစား တတ်အောင်ပါပဲ။ ကျနော် အသက်ရှင်နေတဲ့ ကာလတလျှောက်လုံးမှာ မင်ဒဲလားဆီက သင်ကြားခဲ့တာတွေကို အတတ်နိုင်ဆုံး လက်တွေ့ ဆောင်ရွက်သွားပါမယ်။ “တောင်အာဖရိက ပြည်သူတွေကို ပြောချင်တာက ကျနော်တို့လည်း တောင်အာဖရိက ပြည်သူတွေ လက်တွေ့ ပြသခဲ့တဲ့ စိတ်သစ်ကိုယ်သစ်နဲ့ ပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်၊ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်တွေကို ကျနော်တို့ အတုယူပါတယ်။ လွတ်လပ်ငြိမ်းချမ်းတဲ့ တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာကြီးအတွက် နမူနာကောင်းတခုဖြစ်ပါတယ်။ ဒါဟာ မာဒီဘာက သူချစ်တဲ့ နိုင်ငံအတွက် ပေးခဲ့တဲ့ အမွေပါပဲ။” ဒေးဗစ်ကင်မရွန်း (ဗြိတိန်ဝန်ကြီးချုပ်) David+Cameron+XXX+high+res“ဒီနေ့ညမှာတော့ ကမ္ဘာကြီးရဲ့ အတောက်ပဆုံး အလင်းရောင်ဟာ ကွယ်ပျောက်သွားပါပြီ။ မင်ဒဲလားဟာ ကျနော်တို့ အသက်ရှင်နေတဲ့ ခေတ်ရဲ့ သူရဲကောင်းဖြစ်ရုံသာမဟုတ် လူ့သမိုင်းတခုလုံးရဲ့ သူရဲကောင်းလည်း ဖြစ်တယ်။  လွတ်လပ်တဲ့ တောင်အာဖရိကရဲ့ ပထမဆုံး သမ္မတ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် စွန့်လွှတ်အနစ်နာခံခဲ့သူ၊ သူရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာနဲ့ အောင်မြင်မှုဟာ လူသန်းပေါင်းများစွာအတွက် လေးစားအားကျစရာလည်း ဖြစ်ခဲ့တယ်။ “ဒီနေ့ညမှာ ဗြိတိန်နိုင်ငံတ၀ှမ်းလုံးက ပြည်သူတွေဟာ မင်ဒဲလားရဲ့ မိသားစုတွေ၊ တောင်အာဖရိကနိုင်ငံက ပြည်သူတွေ အားလုံးနဲ့ အတူ ၀မ်းနည်း ကြေကွဲရပါတယ်။  မင်ဒဲလားနဲ့ တွေ့ဆုံတဲ့အချိန်တိုင်းမှာ အလွှမ်းမိုးဆုံးစွမ်းအားတွေက သူရဲ့ ထူးခြားတဲ့ မေတ္တာ၊ ကရုဏာနဲ့  ခွင့်လွှတ်တတ်တဲ့ စိတ်တွေပါပဲ။” ပရာနတ် မူကာဂျီ (အိန္ဒိယသမ္မတ) 411700-mukherjeereuters-1342954801-663-640x480“စံပြ လူသားဝါဒီတယောက်ကို ဆုံးရှုံးလိုက်ရတာ၊ တော်လှန်ရေးသမားတယောက်၊ တိုက်ခိုက်ရေးသမားတယောက်ကို ဆုံးရှုံးလိုက်ရတာ၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်သူ တယောက်ကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ တကမ္ဘာလုံးက  ကြီးကျယ်မြင့်မြတ်တဲ့ သူရဲ့ စွမ်းဆောင်ချက်တွေကို သတိတရနဲ့ ဦးညွတ်ကြပါတယ်။ မဟတ္တမဂန္ဒီကြီး ကွယ်လွန်ပြီးတဲ့ နောက်ပိုင်းမှာ နယ်လ်ဆင် မန်ဒဲလားလို ခေါင်းဆောင်မျိုး တယောက်မှ မပေါ်ပေါက်ခဲ့ပါဘူး။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up