နတ်တလင်းတွင် စိုက်ခင်းရှင်များထံမှ သီးနှံအလှူခံပြီး ခက်ခဲနေသည့် ပြည်သူကို လှူဒါန်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့က လူငယ်တွေဟာ စားသောက်ဖို့ အခက်တွေ့နေတဲ့ ပြည်သူတွေဆီကို စားသောက်ကုန်တွေ အိမ်အရောက်လိုက်လံပေးဝေနေကြတယ်လို့ သိရပါတယ်။

အခုလိုဝေငှဖို့အတွက် အဓိကအလှူရှင်တွေက စိုက်ပျိုးရေးခြံသမားတွေဖြစ်ပြီး၊ စေတနာရှင်မြို့ခံတွေရဲ့ ထည့်ဝင်ငွေတွေလည်းပါဝင်တယ်လို့ ပြောပါတယ်။

"ပထမဦးဆုံးက လှူတန်းဖို့ စိတ်ဝင်စားတဲ့ စိုက်ပျိုးသမားတွေနဲ့ညှိတယ် သူတို့ကလည်း လှူမယ်ပေါ့ အဲဒီမှာ ခူးဆွတ်ခ မတတ်နိုင်ဘူးဆိုရင် ကျနော်တို့လူငယ်တွေက ဝင်ခူးတယ်။ ပြီးတော့ ဆိုင်ကယ်နဲ့သယ်တယ် ပြီးမှတုတ်တုတ်နဲ့ ထပ်သယ်တယ်၊ ပြီးတော့ဝေတယ်။ အဲဒါကိုမြင်ပြီး မြို့ခံတွေကအလှူငွေတွေလာပြီး ထည့်ဝင်ကြတာ အလှူရှင်ခြံတွေက သီးနှံတွေကုန်သွားရင် ရပ်တံ့မသွားဖို့ ထည့်ဝင်ထားတဲ့ငွေတွေနဲ့ ကုန်စိမ်းဒိုင်တွေဆီကနေ ပြန်ဝယ်ပြီး ဆက်လှူဖို့စီစဉ်ထားတယ်" လို့ ဦးဆောင်သူထဲမှာပါဝင်တဲ့ ကိုအောင်ကိုလတ်ကပြောပါတယ်။

ဝေငှရာမှာ သီးနှံမျိုးစုံပါဝင်ပြီး အထုပ်ငယ်များထုပ်ကာ အမှန်တကယ် လိုအပ်တဲ့လမ်းတွေဆီ သွားရောက်ပြီး နေအိမ်ရှေ့မှာချိတ်ဆွဲပေးခဲ့တာလို့ ကိုအောင်ကိုလတ်က ဆက်ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂ရက်လောက်ကတည်းက နတ်တလင်းမြို့မှာ အထိုင်ချပြီး စဝေတာ အဲမှာလူစုလူဝေးဖြစ်လာနိုင်တဲ့အတွက် အကြံပြုလာကြလို့ အခုလို အထုပ်တွေထုပ်ပြီး တကယ်လိုအပ်နေသူတွေရဲ့အိမ်အရောက်ပို့ပေးတာပါ။"

အဲဒီလူငယ်တွေဟာ မြို့နယ်အတွင်းက ကိုဗစ်စင်တာတခုနဲ့ ဆွမ်းအခက်အခဲဖြစ်ပေါ်နေတဲ့ ဘုန်းတော်ကြီးကျောင်းတကျောင်းကိုလည်း စားသောက်ကုန်သီးနှံတွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up