Home
မြန်မာသတင်း
လိုင်စင်မလိုဘဲ တင်သွင်းနိုင်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာစာရင်း စစ်ကောင်စီ ထုတ်ပြန်
DVB
·
July 27, 2021

သွင်းကုန် လိုင်စင်လျှောက်ထားတာ ယာယီဖြေလျှော့ပေးထားတဲ့ အောက်ဆီဂျင် အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ  ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာစာရင်းကို  စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်မှာ  ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာ  ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေထဲက  သွင်းကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်လိုင်းအားလုံးနဲ့ အောက်ဆီဂျင်အရည်တို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်က စတင်ပြီး သွင်းကုန်လိုင်စင်လျှောက်ထားစရာမလိုပဲ (၃)  လ ယာယီ ဖြေလျှော့ပြီး တင်သွင်းခွင့်ပြုတာလို့ ဆိုပါတယ်။

ဖြေလျှော့ပေးတဲ့ သွင်းကုန်တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အားဖြင့်ဆေးဝါးတွေ၊ ဗီတာမင်နဲ့ ပရိုဗီတာမင်ဆေးဝါးတွေ၊ ကင်ဆာနဲ့ HIV ဆေးဝါးတွေ၊  ကျန်းမာရေးသုံး undenatured အီသိုင်းအယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်း၊  အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်နဲ့ တခြားရှားပါးဓာတ်ငွေ့၊ ဖော်မစ်အက်စစ် စတာတွေပါဝင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် ရောဂါ ကူးစက်ပြန့် ပွားမှုနဲ့ လူသေဆုံးမှုနှုန်း အင်မတန် မြင့်တက်နေပြီ အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသ ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနဲ့ ဆေးပစ္စည်းကိရိယာတွေဟာလည်း ဝယ်ယူရခက်ခဲ့တဲ့အထိ ပြည်တွင်းမှာ လိုအပ်ချက် မြင့်တက်နေပါတယ်။

ဒါ့အပြင် ဝယ်လိုအားနဲ့ရောင်းလိုအား မမျှတတာကြောင့် စျေးနှုန်းတွေကလည်း တည်ငြိမ်မှုမရှိ အဆမတန်မြင့်တက်နေပါတယ်။

စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက် ထုတ်ပြန်တဲ့စာရင်းတွေအရ  မြန်မာနိုင်ငံမှာ ဒီနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း ၂၇၄, ၁၅၅ နဲ့ သေဆုံးသူ ၇,၅၀၇ ရှိတယ်လို့သိရပါတယ်။

ဒါပေမဲ့ ပရဟိတအဖွဲ့တွေနဲ့ လေ့လာစောင့်ကြည့်နေသူတွေကတော့ ဒီစာရင်းတွေဟာ မြေပြင် အမှန် တကယ် ရောဂါဖြစ်ပွားသေဆုံးသူတွေရဲ့ အခြေအနေတွေနဲ့ အဆမတန် ကွဲလွဲနေတယ်လို့ ထောက်ပြဝေဖန်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024