ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းက စည်ပင်ရုံးအနီး ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အမှတ် ၄ ရပ်ကွက်၊ ၁၂ လမ်းထောင့်မှာရှိတဲ့ စည်ပင်ရုံးနား ည ၉ နာရီကျော်လောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ညကပေါက်တာ ၁ လုံးပဲ ပေါက်ပြီးတော့ စည်ပင်ရုံးနားက မီးခိုးတွေထွက်လာတာ တွေ့တယ်။ထိခိုက်မှုတော့မရှိဘူး ကြားတယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာမျိုးမရှိပေမယ့် မိနစ်ပိုင်းအကြာမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ပြည်သူ့စစ်တွေရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မော်ကျွန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲတာ ၅ ကြိမ်ထိ ရှိလာပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။