အားလုံးအတွက် အောက်ဆီဂျင်အလုံအလောက်ရှိသဖြင့် မပူပန်ကြရန် ထိုင်းစက်မှုဝန်ကြီး ပြော

ထိုင်းနိုင်ငံမှာ အားလုံးအတွက် အရေးပေါ် အောက်ဆီဂျင်အလုံအလောက်ရှိတာမို့ မစိုးရိမ်မပူပန်ကြဖို့ စက်မှုဝန်ကြီး ဆူရိယ ဂျန်ဂရမ်ရန်ကစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကျော်လောက်က စတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ပိုပိုမြင့်တက်လာခဲ့ပြီးတဲ့တဲ့ လိုအပ်တဲ့ အရေးပေါ်အောက်ဆီဂျင် ပြတ်လပ်မှာ စိုးရိမ်ပူပန်ကာ အိုးတွေဝယ်ယူသိုလှောင်လာတဲ့အပေါ် ဝန်ကြီးက ခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

“လက်ရှိ ကျနော်တို့မှာ အောက်ဆီဂျင်ထုတ်စက်ရုံ ၁၅ ခုရှိနေပြီး နေ့စဉ်တန်ချိန် ၁,၈၆၀ ထုတ်လုပ်နိုင်ပါတယ်။ ဒီစက်ရုံတွေက အယုဒ္ဓယ၊ ဆာရာဘူရီ၊ ချွန်ဘူရီ၊ ရာ ယောင်း၊ ဆောင်ခလာ၊ လမ်းဖန်းနဲ့ ချင်းမိုင်မှာ ရှိပါတယ်။ လာမယ့် ဩဂုတ်လထဲမှာ ရာ ယောင်းမှာ စက်ရုံသစ် ထပ်ပြီးတော့ တည်ဆောက်သွားမှာမို့ နိုင်ငံအတွက် တရက်ကို အောက်ဆီဂျင် တန် ၂,၂၀၀ လောက် ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။”

လတ်တလောမှာတော့ ထိုင်းနိုင်ငံတဝန်း အောက်ဆီဂျင်လိုအပ်ချက်ပမာဏဟာ တရက်ကို ပျမ်းမျှ ၁,၂၆၀ တန်ရှိနေတာဖြစ်ပြီး စက်မှုကဏ္ဍက နေ့စဉ် တန် ၆၆၀၊ ကျန်းမာ ရေးကဏ္ဍက တန် ၄၀၀ ကနေ ၆၀၀ ကြား လိုအပ်ချက် ရှိနေတာဖြစ်တယ်လို့ ဆူရိယက ပြောပါတယ်။       ထိုင်းနိုင်ငံကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅ သိန်းကျော်နဲ့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှုအမြင့်ဆုံးအဆင့် ၄၇ မှာ ရှိနေပြီး သန်းချီကူးစက်မှု အမြင့် ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up