Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနေအိမ်ကို Pakokku-GZ က ဗုံးခွဲ
DVB
·
July 26, 2021
220667934_2630324997268945_2106076819817206701_n

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက်နေအိမ်မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက်က စစ်ကောင်စီခန့် ဒလန်အုပ်ချုပ်ရေးမှူး ကျော်မြင့်သန်းရဲ့နေအိမ်ကို မွန်းတည့် ၁၂ နာရီလောက်က လက်လုပ်ဗုံး ၂ လုံးပစ်သွင်းပြီးတော့ ဖောက်ခွဲခဲ့တယ်လို့ Pakokku-GZ ပြောက်ကျား အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် နေအိမ်က ပစ္စည်းတစ်ချို့ ထိခိုက်ပျက်စီးတယ်လို့ သိရပြီးတော့ အဲဒီဒလန်အုပ်ချုပ်ရေးမှူးတွေ သတင်းပေးတာကြောင့် ပြည်သူတွေ မလုံခြုံသလို သူတို့လည်း မလုံခြုံစေရဘူးဆိုတာကို ပြသတဲ့အနေနဲ့ သတိပေးဖောက်ခွဲတာလို့ ဆိုပါတယ်။

Pakokku-GZ အဖွဲ့ဟာ ပခုက္ကူမြို့နယ် PPDF အဖွဲ့နဲ့ အဆက်သွယ်မရသေးဘဲ အချိတ်ဆက်ရရှိပါက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး လူငယ်တွေ ကိုယ့်ဒူးကိုယ်ချွန် အနေထားနဲ့လုပ်ဆောင်နေရတာမို့ အခက်ခဲတွေကို နားလည်ပေးစေလိုတယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့ GZ အဖွဲ့က ဖွဲ့စည်းထားတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အများပြည်သူကို ဒုက္ခ၊ အန္တရာယ်ပေးနေတဲ့ ဒလန်တွေနဲ့ ပျူစောထီးအဖွဲ့တွေကို ရှင်းလင်းတော့မှာမို့ ပြည်သူတွေအနေနဲ့ အကြောင်းမရှိဘဲ အပြင်မထွက်ကြဖို့နဲ့ GZ တွေကိုတွေ့ရင် ဓာတ်ပုံမရိုက်ဖို့နဲ့ မမြင်ချင်ယောက်ဆောင်ပြီး နေပေးကြဖို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024