တောင်အာဖရိက ခေါင်းဆောင် မင်ဒဲလား ကွယ်လွန်

Photo by Reuters
တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှုစနစ် ဆန့်ကျင်ရေးခေါင်းဆောင် အသက် ၉၅ နှစ်အရွယ် နယ်ဆင်မင်ဒဲလားဟာ ကြာသပတေးနေ့က ကွယ်လွန်သွားပါတယ်။ မန်ဒဲလားဟာ ဖိနှိပ်တဲ့လူဖြူလူနည်းစုအစိုးရကို တွန်းလှန်ခဲ့ပြီး ၂၀ ရာစုရဲ့ အလေးစားအခံရဆုံး၊ အချစ်ခင်အခံရဆုံး ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ [caption id="attachment_47743" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption] အသားအရောင် ခွဲခြားတဲ့စနစ်အောက်မှာ ထောင် ၂၇ နှစ်ကျခံခဲ့ရပြီး ထောင်က လွတ်လာတဲ့နောက်မှာ သွေးထွက်သံယိုမှုတွေနဲ့ ၀ရုန်းသုန်းကားဖြစ်နေတဲ့ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာအောင် ဦးဆောင်ခဲ့ပါတယ်။ ထောင်ကျခဲ့စဉ်က ရခဲ့တဲ့ အဆုတ်ရောဂါ ဒဏ်ကို လွန်ခဲ့တဲ့ တနှစ်လုံးနီးပါး ခံစားခဲ့ရပြီးနောက် ကွယ်လွန်ခဲ့တာပါ။ ၁၉၉၃ မှာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဟာ ၁၉၉၄ မှာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်ခဲ့ပါတယ်။ မန်ဒဲလားရဲ့ အပြောင်မြောက်ဆုံးလုပ်ဆောင်ခဲ့မှုတခုကတော့ တော်လှန်ရေးကာလ အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဖော်ထုတ်ရင်းနဲ့ နှစ်ဖက်ပြန်လည်ရင်ကြားစေ့ရေး အပီပြင်ဆုံးလုပ်ဆောင်ခဲ့နိုင်တာကြောင့် တခြားနိုင်ငံတွေကတောင် လေးစားအတုယူခဲ့ရပါတယ်။ ၁၉၉၉ မှာ ခေတ်သစ်နိုင်ငံ့စီးပွားရေးကို ဦးဆောင်နိုင်ဖို့ အရည်အချင်းပြည့်မီတဲ့ လူငယ်ခေါင်းဆောင်တွေကို သမ္မတရာထူးကို လွဲပြောင်းပေးခဲ့တာကြောင့် အာဖရိက ခေါင်းဆောင်တွေကြားမှာလည်း စံပြခေါင်းဆောင်ကောင်းတဦးလည်း ဖြစ်ခဲ့ပါတယ်။ မန်ဒဲလားဟာ တရားမျှတမှု မဟာလူသားကြီးဖြစ်တယ် (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း) စံပြ ပုဂ္ဂိုလ် မန်ဒဲလားသာ မရှိခဲ့ရင် ကျနော့်ဘ၀ ဘယ်လိုဖြစ်လာမလဲဆိုတာ မစဉ်းစား တတ်အောင်ပါပဲ၊ (အမေရိကန် သမ္မတ အိုဘားမား) ကမ္ဘာကြီးအတွက် အတောက်ပဆုံးအလင်းရောင်တော့ ပျောက်ကွယ်သွားပါပြီ (ဗြိတိသျ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း) မန်ဒဲလားဟာ နောက်ဆုံးရာစုရဲ့ အကြီးကျယ်ဆုံး လူသားတွေထဲက တယောက်ပါပဲ (ဩစတြေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့) ကျနော်တို့ ပြည်သူတွေ ဖခင်ကို ဆုံးရှုံးလိုက်ရပါပြီ၊ (တောင်အာဖရိက သမ္မတ ဂျက်စ်ကော့ဇူးမား)

More News
Up