ငွေသားအစား တတ်နိုင်သမျှ ကတ်အသုံးပြုငွေပေးချေရန် စီးတီးမတ်တိုက်တွန်း

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း စီးတီးမတ်နဲ့ Market Place တို့မှာ ဈေးဝယ်ယူသူတွေအနေနဲ့ ရောဂါကူးစက်မှုတတ်နိုင်သလောက် လျှော့ချနိုင်ဖို့ ငွေသားအသုံးပြုမှုအစားကတ် အသုံးပြုငွေပေးချေကြဖို့ တိုက်တွန်းထားပါတယ်။

စျေး၀ယ်သူတွေနဲ့ ၀န်ထမ်းတွေရဲ့ ကျန်းမာရေးလုံခြုံမှုဟာ အဓိကဦးစားပေး ဖြစ်ပြီး လက်ရှိဆိုင်တွေမှာတော့ ငွေသားရော ကတ်ပါ လက်ခံဆောင်ရွက်ပေးနေပြီး အားလုံး ပူးပေါင်းပါဝင်နားလည်ပေးနိုင်ဖို့ မေတ္တာရပ်ခံအပ်ထားတာပါ။

မတရားစစ်အာဏာသိမ်းမှုနဲ့အတူ စစ်ဘေးရော၊ ကပ်ဘေးနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန် မာနိုင်ငံမှာတော့ ဘဏ်တွေမှာ ငွေသားထုတ်ယူမရတဲ့ ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှု ပြဿနာတွေအပြင် အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေနဲ့အတူ အဘက်ဘက်က ဆုတ် ယုတ်လာနေခဲ့တာ ဖြစ်ပါတယ်။

တတိယလှိုင်း ကူးစက်ခံ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ နီးပါးနဲ့ သေဆုံးသူပေါင်း ၇,၀၀၀ ကျော်ရှိလာခဲ့ပြီလို့ စစ် ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်ညမှာ ထုတ်ပြန်ထား ပါတယ်။

ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ အခုလကုန်ထိ ဆက်တိုက်ပိတ်ထား တဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၉၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ် မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up