Home
မြန်မာသတင်း
ရေးမြို့နယ်က ကျေးရွာအချို့ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်
DVB
·
July 25, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ ရှိလာတာနဲ့အမျှ ကျေးရွာဖြတ်သန်းသွားလာခွင့် မရတာတွေကြောင့် စားနပ်ရိက္ခာနဲ့ နေမကောင်းတဲ့လူနာတွေ ဆေးခန်းပြဖို့ အခက်ခဲကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရွာတချို့မှာ ကိုဗစ် လူနာနဲ့ သေဆုံးသူတွေပါ စတင်တွေ့ရှိပြီးတဲ့နောက် ရွာလုံးကျွတ် ၂ ပတ် နေအိမ်အပြင် ပေးမထွက်ကြတဲ့အပြင် တရွာနဲ့ တရွာကိုလည်း ဖြတ်သန်းသွားလာခွင့် မပေးတာကြောင့် ခုလိုအခြေအနေဖြစ်နေတာလို့ ဆိုပါတယ်။

ကျေးရွာတွေမှာ အခုကိုဗစ် ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ လမ်းတွေပိတ်ထားတာကြောင့် စားနပ်ရိက္ခာတွေ သယ်ယူတာ၊ ဝယ်လို့ မရတာအပြင် တပိုင်တနိုင်ဈေးသည်တွေကိုပါ ဈေးလည် ရောင်းခွင့် မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေးမြို့နယ်မှာ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ ၃၀၀ ကျော်ခန့်ရှိလာပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၇၃ ဦး အထိရှိပြီး သေဆုံးသူမှာ ၁၆ ဦးအထိရှိပါတယ်။

ရေးချောင်းဖျားဒေသက ကလိပ်တုတ်၊ မင်းလှအေး၊ လိပ်ပုတ်၊ ချောထ၊ ကျောက်တိုင်၊ ရွာကလေး၊ အေးပျော်၊ သာယာဆိုပါပြီး ရွာပေါင်း ၁၀ ရွာထက် မနည်းရှိနေကာ ရွာတစ်ရွာမှ အိမ်ခြေ အနည်းဆုံး ၅၀ ကနေ ရွာကြီးဆိုပါက အိမ်ခြေ ၂ဝဝ အထက်ရှိပြီး လူဦးရေ စုစုပေါင်း ၁၀၀၀ နဲ.ချီရှိမယ်လို့ ဆိုပါတယ်။

အခုဆိုရင် မိုးကြီးလေကြီးတော့ ရွာတွေကလည်း မပေးဖြတ်ကြတော့ မြစ်ချောင်းတွေ ရေပြည်ရေလျှံ ပြန်တော့ ရေလမ်းလည်းသွားရာမှာလည်း အခက်ခဲ နဲ့ကြုံနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024